မိတ္ထီလာခရိုင်၌ ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ဧက ၃၄၀၀ ကျော် စိုက်ပျိုးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်၌ ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ဧက ၃၄၀၀ ကျော် စိုက်ပျိုးသွားမည်


MNP   -   ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ရေသောက်စနစ်ဖြင့် မိုးကြိုချည်မျှင်ဝါစိုက်ဧက ၃၄၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။    


စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးလက်နေတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာလုပ်ငန်းကို အခြေခံလုပ်ဆောင်နေကြသည့် ကျေးလက်နေပြည်သူများ စီးပွားရေးတွက်ချေကိုက်၍ ဒေသနှင့်အဆင်ပြေပြီး အထွက်နှုန်းကောင်းသည့်သီးနှံကို ရွေးထုတ်ရာတွင် ဝါသီးနှံမှာ ရာသီဥတုဒဏ်ခံနိုင်ပြီး ဈေးနှုန်းမှာလည်း လျော့နည်းခြင်းမရှိသည့် ဝါသီးနှံကို ရွေးချယ်စိုက်ပျိုးနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ကြီးကြပ်မှုအောင်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆည်ရေ၊ ကန်ရေများအပြင် စက်ရေတွင်းများဖြင့် မိုးကြိုချည်မျှင်ရှည်ဝါစိုက်ဧက ၃၄၀၂ ဧကကို စိုက်ပျိုးသွားမည်ဖြစ်သည်။


ယင်းသို့ မိုးကြိုချည်မျှင်ရှည်ဝါများစိုက်ပျိုးရာတွင် မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၃၇၀၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၃၅၀၊ သာစည်မြို့နယ်တွင် စိုက်ဧက ၁၉၈၂ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၇၀၀ တို့ကို စိုက်ပျိုးသွားရန်လျားထားကြောင်း သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)