ပြည်သူများ၏လိုအပ်မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများတွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူများ၏လိုအပ်မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများတွေ့ဆုံဆွေးနွေး


MNP  -   ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့်  ၂၀၂၂ ခု ဩဂုတ်(၁၉)ရက်နေ့မှစတင်ပြီး ပြည်သူများ၏လိုအပ်မှုများ ဖြည့်ဆည်းဆောင်ရွက်‌ပေးလျက်ရှိရာ   ယမန်နေ့ နံနက် (၈)နာရီခွဲက ကျေးရွာအုပ်စု(၂)အုပ်စု၊ ကျေးရွာ(၇)ရွာမှ ပြည်သူများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးသွင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် ပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသော အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းက မြေပြင်လူဦးရေကောက်ယူခြင်း အကြောင်းအရာများ ကိုလည်ကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးဆိုင်ရာ အကြောင်းများကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့သည်။ 


ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အခြေခံပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်နှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီဌာနတို့မှ တာဝန်ရှိသူများက ပြည်သူများအတွက် ဘက်စုံဖွံ့ဖြိုးရေး ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်သူများမှ လိုအပ်ချက်များ ပြန်လည်တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)၊ဗိုလ်မှူးမျိုးသွင်က တင်ပြဆွေးနွေမှုများအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ဖြည့်ဆည်းပေး ခဲ့ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)