ပုဗ္ဗသီရိမြို့နယ်၌ အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု​ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်များ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်၌ အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု​ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်များ ရှင်းလင်းခြင်းအခမ်းအနားကျင်းပ


MNP   -   ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် မြို့နယ်အိမ်ခြံမြေအကျိုးဆောင်များမှ အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ​ကြပ်မတ်ဆောင်ရွက်နိုင်ရေး ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်​ကြည်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင် အဖွဲ့၊ မြို့နယ်အဆင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့များမှ အိမ်ခြံမြေအကျိုးဆောင်နှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများအား အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် ထုတ်ပေးနိုင်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန်၊ မှတ်ပုံတင်လာ ရောက်​လျှောက်ထားခြင်း မရှိသူများကို အိမ်ခြံမြေအကျိုးဆောင်အသင်း၊ အဖိုးတန် သတ္တုရောင်းဝယ်ရေးအသင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဆက်သွယ်အသိပေးသွားကြရန်၊ မြို့နယ် အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာ မှတ်ပုံတင်အဖွဲ့၊ မြို့နယ် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ မှတ်ပုံတင်အဖွဲ့များက သတင်းပို့အဖွဲ့များ ဖွဲ့စည်းရေးအတည်ပြုဆောင်ရွက်သွားရန်  ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများက သိရှိလိုသည်များ မေးမြန်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


သန္တာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)