ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဇောတိ)တွင် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဇောတိ)တွင် လူငယ်စကားဝိုင်းကျင်းပ



MNP  -  ဖေဖော်ဝါရီ  ၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ဝင်းခနိမ်ကျေးရွာ၊ အခြေခံပညာအထက်တန်း‌ကျောင်း(ဇောတိ)တွင် လူငယ်များ အသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များစာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခြေခံပညာအထက်တန်း‌ကျောင်း(ဇောတိ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းသား‌/ကျောင်းသူ(၆)ဦးတို့က တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအားစတင်ခဲ့ရာ ဦးဆောင် ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သဲစုအောင်၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်မွန်တို့မှ ဦးဆောင်ပြီး Grade(11)မှ ကျောင်းသူ မဝင့်ဝါလှိုင်နှင့် မဆုနှင်းဖြူတို့က လူငယ်နှင့်နည်းပညာ၊ Grade(10)မှ ကျောင်းသူ မပပလင်းနှင့် ကျောင်းသား မောင်စိုင်းသူရိန်မင်းခန့်တို့က လူငယ်နှင့်ပညာ‌ေရး၊  Grade(10)မှ ကျောင်းသူ မကြည်ဖြူကိုနှင့် ကျောင်းသား မောင်တင်ကိုကိုတို့က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade(9)မှ ကျောင်းသူ ‌မမေမြတ်နိုးက လူငယ်နှင့်ကျန်းမာရေး၊ Grade(9)မှ ကျောင်းသား မောင်ဇင်မျိုးထက်၊ ကျောင်းသူ မဝေဝေနှင်း၊ မလင်းထက်ထက်ဝေ တို့က လူငယ်နှင့်အားကစား၊ Grade(8)မှ ကျောင်းသား မောင်နေခြည်ဦး၊ ကျောင်းသူ မဇင်မီမီထွန်း၊ မခိုင်စုပိုင်တို့က လူငယ်နှင့်မူးယစ်ဆေးဝါး အစရှိသည့် ခေါင်းစဉ်အလိုက် အကြောင်းအရာများအား ဆွေးနွေးသွားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများအား ပြန်လည်မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ကျောင်းသား/ ကျောင်းသူများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်း‌ကျောင်း(ဇောတိ)မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၅၇)ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသစာအုပ်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစား‌လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။


ထွန်းထွန်းဇော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)