စျေးကွက်အတွင်း ခရမ်းချဉ်သီးစျေးနှုန်း ကျဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စျေးကွက်အတွင်း ခရမ်းချဉ်သီးစျေးနှုန်း ကျဆင်း



MNP   -   ​ဖေ​ဖော်ဝါရီ ၁၁

ချောက်မြို့နယ် ၊မြို့မ​စျေးကြီးအတွင်း စားဖို ဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးမှာ ဖေဖော်ဝါရီလဆန်းမှစတင်၍ တစ်ရိပ်ရိပ်ကျ ဆင်းလျက်ရှိ​ပြီး စျေးကွက်အတွင်း ဒေသထွက်ဗမာခရမ်းချဉ်သီးများ ပိုမိုဝင်ရောက်လျက်ရှိကြောင်း ခရမ်းချဉ်သီးလက်လီ လက်ကားရောင်းချသူများထံမှ သိရသည်။


ချောက်မြို့မ​စျေးတွင်​ရောင်းချသည့် ဟင်းသီး၊ ဟင်းရွက်​အများစုမှာ စဉ်ကူနယ်​မြေ၊ပြည်​တော်သာ၊ မီး​လောင်ဖျား၊ ပခုက္ကူကျွန်း၊ ဆိပ်ဖြူမြို့နယ် ပ​ဒေသာကျွန်း၊​ ချောင်းမကြီးနှင့် ဆင်ဖြူကျွန်းမြို့တို့မှ လာရောက်တင်သွင်း၊ ရောင်းချခြင်းများဖြစ်ပြီး ခရမ်းချဉ်သီး၊ မုန်လာဥ၊ ချဉ်ပေါင်ရွက်၊ ခရမ်းသီး၊ ပဲသီး၊ ဆလပ်ရွက်၊ ပန်းမုံလာ၊ ငရုတ်သီး၊​ အားလူး၊​ကြက်သွန်၊ ဘူးသီး၊ ဂေါ်ဖီထုပ်တို့အပြင် ​မေမြို့ပန်းများပါ လာ​ရောက်​ရောင်းချ​လျက်ရှိသည်။" ခရမ်းချဉ်သီးက လက်ရှိဗမာခရမ်းချဉ်သီး တွေပဲများတယ်။ ဒီလဆန်းဖေဖော်ဝါရီလဆန်းမှာ ခရမ်းချဉ်သီးထိပ်စ စျေးနှုန်း၁၀၀၀ ကျပ် ဝန်းကျင်၊ အောက်စ တစ်ပိဿာလျှင် ၆၀၀ ကျပ်ထိ စျေးနှုန်းကျဆင်းသွား​တယ်။ ယခင်ကရမ်းချဉ်သီး တစ်ပိဿာ ၁၄၀၀ ကျပ်၊ ၁၅၀၀ ကျပ်၊၂၀၀၀ ကျပ်ထိရှိ​ခဲ့ရာက​နေ ​စျေးကျသွား​တာ"ဟု မြို့မ​စျေးတွင်ကုန်စိမ်း​ရောင်းချသူ​ဒေါ်စာဥ၏ ​ပြောပြချက်အရ သိရသည်။


​ယခုအခါ ချောက်မြို့မ​စျေးတွင်​ အနီးဝန်းကျင် ဒေသထွက် ဗမာခရမ်းချဉ်သီးများ  ပိုမိုအ​ရောင်းသွက်လျက်ရှိပြီး ၀ယ်ယူသူများအတွက်လည်း​စျေးနှုန်း အဆင်​ပြေမှုရှိ​ကြောင်း သိရသည်။


ကျော်မိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)