MNP - ဖေဖော်ဝါရီ ၁၆
ဘာစီလိုနာအသင်းဥက္ကဌ ဟွမ်လာပေါ်တာက ကွင်းလယ်ကစားသမား ဆာဂျီယို ဘုစကွတ်စ်နဲ့ ပတ်သက်ပြီး” ဘုစကွက်စ်ဟာ ဇန်နဝါရီမှာ ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် အသင်းမှာဘဲဆက်နေဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးရှိပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လာပေါ်တာက “ဆာဂျီယိုက ဆုံးဖြတ်ပြီးတဲ့ အချိန်တိုင်း ကျွန်တော်တို့ကို ဖုန်းခေါ်နိုင်ပြီး သူ့ရဲ့အနာဂတ်နဲ့ သူ့ရဲ့ စာချုပ်အခြေအနေတွေကို ဆွေးနွေးနိုင်ပါတယ်။ ငါတို့ခုထိ စကားမပြောကြသေးပါဘူး။"လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment