ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပွဲတော်(ဗဟိုအဆင့်) ပါဝင်ယှဉ်ပြိုင်မည့်အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပွဲတော်(ဗဟိုအဆင့်) ပါဝင်ယှဉ်ပြိုင်မည့်အားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနား ကျင်းပ




MNP   -     ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပွဲတော်(ဗဟိုအဆင့်) ပါဝင်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့အားအောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက တောင်ကြီးပညာရေးဒီဂရီကောလိပ် က‌မ္ဘောဇခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားရာတွင် နိုင်ငံအတွက်လိုအပ်သော ပညာအခြေပြုလူ့စွမ်းအားအရင်းအမြစ်များစွာကို မွေးထုတ်ပေးနိုင်ရန် အဓိကအခန်းကဏ္ဍမှ တာဝန်ယူရမည့်သူများမှာ ဆရာအတတ်ပညာအရည်အသွေး ပြည့်ဝကျွမ်းကျင်သော ဆရာ၊ ဆရာမများဖြစ်ကြောင်း၊ ပညာရေးကောလိပ်များကို ပညာရေးဒီဂရီကောလိပ်များအဖြစ် (၁-၉-၂၀၂၀) ရက်နေ့တွင် အဆင့်မြှင့်တင်ပေးခဲ့ကြောင်း၊ ထို့အတူ ပညာရေးဒီဂရီကောလိပ်များတွင် (ပထမနှစ်မှ စတုတ္ထနှစ်ထိ) ၄-နှစ် သင်ကြားရမည့် သင်ရိုးသစ်များကို အခြေခံပညာသင်ရိုးသစ်များနှင့် အံဝင်ဂွင်ကျ ဖြစ်သည်အထိ ပညာရှင်များစွာနှင့် နိုင်ငံတော်အဆင့်ရေးဆွဲနေပြီး သင်တန်းများတွင် လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်မျှော်မှန်းချက်(Vision)နှင့် ရည်ရွယ်ချက်(Goal)၊ လုပ်ငန်းစဉ်(Mission)တို့အရ အရည်အသွေး ပြည့်ဝသောဆရာများ၏ ဦးဆောင်မှုဖြင့် အရည်အချင်းပြည့်မီပြီး ဖွံ့ဖြိုးတိုးတက်သောပညာ့ဝန်းကျင်ဖန်တီးနိုင်ရေးအတွက် ကိုယ်ရည်ကိုယ်သွေးကောင်းမွန်ပြီး စဉ်းစားတွေးခေါ်နိုင်သည့် အရည်အသွေးအာမခံမှုရှိသော ဆရာများကို ပြုစုပျိုးထောင်ပေးကြရန်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်အရ ဆရာတို့ ဆရာမတို့အနေဖြင့် အားကစားထူးချွန်သော ဆရာအတတ်ပညာကိုယ်စားပြု၊ ပညာရေးဝန်ကြီးဌာနကိုယ်စားပြု၊ နိုင်ငံကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရေး လေ့ကျင့်ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း၊ အားကစားပွဲတော်တင်ပြချက်အစီအစဉ်များအရ ပညာရေးဒီဂရီကောလိပ် (၂၅)ကျောင်းကို ဇုန်အဆင့်ပြိုင်ပွဲများအဖြစ် အားကစားနည်း(၄)မျိုးယှဉ်ပြိုင်ခဲ့ရာ တောင်ကြီးပညာရေးဒီဂရီကောလိပ်အနေဖြင့် ဘော်လီဘော(ကျား) ဇုန်အဆင့် ပထမ၊ ဘော်လီဘော(မ) ဇုန်အဆင့်ဒုတိယဆုတို့ရရှိခဲ့ကြောင်း သိရှိရသည့်အတွက် ယခုလို လာရောက်အားပေး ချီးမြှောက်ရခြင်းဖြစ်ကြောင်း၊ အားကစားလေ့ကျင့်ခြင်း အစီအစဉ်တင်ပြချက်များအရ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံတို့မှ အကြီးအကဲများနှင့်တကွ အားကစားနည်းပြများကလည်း ကူညီဆောင်ရွက်ခြင်းတို့ကြောင့် ဦးစီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို တွေ့ရှိရသည့်အတွက် အထူးပင်ဝမ်းသာမိကြောင်း၊ အဓိကတန်ဖိုးထားမှုများဖြစ်သည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အစဉ်အမြဲလေ့လာသင်ယူမှုတို့ကို မိမိနိုင်ငံတိုးတက်စေရန်၊ ဆရာ့အစွမ်းနှင့်အနာဂတ်တက်လမ်းကို မြှင့်တင်နိုင်စေရေး ပူးပေါင်းဆောင်ရွက်သွားကြရန် အထူးပင်လိုအပ်ကြောင်း၊ အားကစားလိုက်စား၍ ကိုယ်ရောစိတ်ပါကျန်းမာသန်စွမ်းပြီး အရည်အသွေးအာမခံချက်ရှိသော ဆရာများမှတဆင့်အရည်အချင်းပြည့်မီပြီး၊ ဖွံ့ဖြိုးတိုးတက်သော ပညာ့ဝန်းကျင်ကို ဖန်တီးနိုင်သော စွမ်းအားရှင်များ ဖြစ်စေလိုကြောင်း ပြောကြားသည်။


ထို့နောက် တောင်ကြီးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦးက ကျောင်းအချက်အလက်အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးထံ အောင်နိုင်ရေးအလံပေးအပ်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံမှ အားကစားနည်းပြများကို လက်ဆောင်ပေးအပ်ခဲ့ကြောင်းနှင့် ပညာရေးဒီဂရီကောလိပ်အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ထံပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။


ဇော်နိုင်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)