ရွှေတောင်မြို့နယ်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စုတွင် ပြည်ထက်ဝက် တံတားအသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စုတွင် ပြည်ထက်ဝက် တံတားအသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ




MNP   -     ဖေဖော်ဝါရီ  -၁၉

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဒုရင်ဒုဘိုကျေးရွာအုပ်စု ၊မကျီးကုန်းတန်းကျေးရွာနှင့် ကျောက်မြင့်ကျေးရွာ ၊ရွာသစ်ကြီးကျေးရွာတို့ဆက်သွယ်ထားသော  ( မကျီးကုန်းတန်း- ပြည့်ထက်ဝက်-လက်ရဲတပ်-မြောင်းတပ်-ရွာသစ်ကြီး ) ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဒေသခံပြည်သူများ သွားလာမှု လွယ်ကူစေရေးအတွက် ဆောက်လုပ်လှူဒါန်းသည့် ပြည်ထက်ဝက်တံတား အသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက  ကျင်းပပြုလုပ်ခဲ့သည်။


      ရှေးဦးစွာ တံတားဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်၊ အလှူရှင် ဒေါ်နုနုရီ၊ အလှူရှင် ဦးဇော်ဝင်း + ဒေါ်ခင်ဝင်းမာ " လင်းရောင်ခြည်" ယိုစုံနှင့် "ရွှေအိုးဝေ" ချင်းရှောက်လုပ်ငန်းမိသားစုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များ၊ ဒေသခံပြည်သူများက တံတားပေါ်သို့ကြည့်ရှုခဲ့ကြသည်။


        အဆိုပါတံတားသည် ယခင်က သစ်သားတံတားဖြစ်ပြီး ဒေသတွင်းရှိ ကျေးလက်နေပြည်သူများ သွားလာဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးအတွက်  အလျား (၁၀)ပေ ၊အနံ(၁၈)ပေ၊ အမြင့် (၁၀)ပေ ရှိ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်းတံတား တန်ဖိုးငွေကျပ် ၁၃၅၀၀၀၀၀/- ဖြင့် အလှူရှင်မိသားစုတို့မှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


တံတားဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန‌ဆိုင်ရာ အကြီးအကဲများ၊ ‌အလှူရှင်မိသားစုဝင်များနှင့် ဒေသခံပြည်သူများ (၁၂၀)ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)