ရမ်းဗြဲမြို့၌မြို့သန့်ရှင်းသာယာလှပ‌ရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌မြို့သန့်ရှင်းသာယာလှပ‌ရေးအတွက် ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်





MNP  -    ဖေဖေါ်ဝါရီ      ၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်ဌာနဆိုင်ရာများမှ အပတ်စဉ် စနေ့နေ့တိုင်း  ပြည်သူ့အကျိုးပြုလုပ်ငန်းဖြစ်သည့်  မြို့ရွာများသန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ နံနက် ၇ နာရီက  ရမ်းဗြဲမြို့၊အောင်ဓမ္မဗိမာန်ဓမ္မာရုံပတ်ဝန်းကျင်နှင့်အခြေခံပညာအထက်တန်းကျောင်း(ပုလုပ်တောင်)ရှေ့ပတ်ဝန်းကျင်တစ်လျှောက်တို့တွင်သန့်ရှင်းသာယာလှပစေရေးအတွက်  စုပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ ဆောင်ရွက်ရာသို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊   မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်ပေးကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့တို့သည်  လမ်းဘေးဝဲ ယာရှိစွန့်ပစ်ပလပ်စတစ်များ ရှင်းလင်းပေးခြင်းနှင့်   အမှိုက်ကောက်ခြင်းတို့ကိုဆောင်ရွက်ပေးကြပြီး  မြက်၊  အမှိုက်များကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ သိမ်းဆည်းသယ်ဆောင်ပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)