သိန္နီမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သိန္နီမြို့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ





MNP  -   ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။


လူငယ်စကားဝိုင်းတွင် ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်သီသီအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ် စကားဝိုင်းအားကျင်းပရာ သိန္နီမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မှ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်အောင်မြင်မှု၊ လူငယ်နှင့်စာပေ  စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်‌ရောက်လာသော ကျောင်းသား/ ကျောင်း သူများမှ သိရှိလိုသော အကြောင်းအရာများကို ပြန်လည်ဆွေးနွေး မေးမြန်းခဲ့ကြသည်။


 ထို့နောက် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအုန်းရီက ကျေးဇူးတင်စကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် မိမိတို့၏ စကားပြောစွမ်းရည်များ တိုးတက်လာစေရေး၊ စာပေဗဟုသုတများ ကြွယ်ဝစေရေး၊ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် လိုက်ပါကြိုးစား ကြရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ လူငယ်စကားဝိုင်းများကို များများကျင်းပပြုလုပ်ပေးသင့်ကြောင်းနှင့် လူငယ်စကားဝိုင်းဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ 


ဆက်လက်၍ အဆိုပါအခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ပပဝင်းက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)