ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့နယ်အတွင်း အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့နယ်အတွင်း အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား ကြည့်ရှုအားပေး


MNP  -    ဖေဖော်ဝါရီ     ၂၅

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ၊ စာသင် ကျောင်းများနှင့် အများပြည်သူအသုံးပြုသည့် နေရာများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ရုံးများ သန့်ရှင်းသာယာလှပစေရေးနှင့် နောင်ယား ကန်သာပတ်ဝန်းကျင်တွင် ပြည်သူများ စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရေးတို့အတွက် ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများ ၊   စာသင်ကျောင်းများသန့်ရှင်းရေးနှင့်ခြံစည်းရိုးများ ကာရံပြုပြင်ခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအပါအဝင် မြို့သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။


အလားတူ ပြည်နယ်အတွင်းရှိ ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်များတွင်လည်း  ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်း စုပေါင်း သန့်ရှင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းသိရသည်။


ကိုဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)