နောင်တရားမြို့၌ ဆောင်းသီးနှံ ကြက်သွန်ဖြူ စတင်ရိတ်သိမ်းချိန်တွင် ဈေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်တရားမြို့၌ ဆောင်းသီးနှံ ကြက်သွန်ဖြူ စတင်ရိတ်သိမ်းချိန်တွင် ဈေးကောင်းရရှိ



MNP   -   ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးသည့် ကြက်သွန်ဖြူ စတင်ရိတ်သိမ်းချိန်တွင် ဈေးကောင်းရရှိလျက်ရှိကြောင်း စိုက်ပျိုးရေးတောင်သူ တစ်ဦးထံမှ သိရသည်။


“အောက်တိုဘာလမှာ စိုက်တဲ့ ဆောင်းသီးနှံ ကြက်သွန်ဖြူကို ယခုလမှ စတင်ရိတ်သိမ်း ပါတယ် စသိမ်း စမှာတော့ ဈေးကောင်းရနေပါတယ်။ တစ်ပိဿာကို ကျပ် ၄၅၀၀ မှ ကျပ် ၅၀၀၀ အထိ ဈေးရနေပါတယ်။ ကြက်သွန်ဖြူက အရွယ်အစားပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိပါတယ်၊ လုပ်သားခတွေ တစ်ရက်ကို ကျပ် ၇၀၀၀ မှ ကျပ် ၈၀၀၀ ပေးရပါတယ်။ ယခင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ဈေးကောင်းတာပေါ့။ ဒီထက်မက ဈေးကောင်းရဖို့ မျှော်လင့်ပါတယ်”ဟု ဘုရားဖြူကျေးရွာမှ ကြက်သွန်ဖြူစိုက်တောင်သူတစ်ဦးက ပြောသည်။


ယခင်နှစ်တွင် ကြက်သွန်ဖြူတစ်ပိဿာ ထူး ၁ မှ ထူးလွန်အထိ ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀၀ အထိ အရောင်းအဝယ် ဖြစ်ခဲ့သည်။ ယခုနှစ် ဆောင်းကြက်သွန်ဖြူ စတင်ရိတ်သိမ်းချိန်တွင် ကြက်သွန်ဖြူ ထူး ၃ မှ ထူးလွန်အထိ တစ်ပိဿာ ကျပ် ၄၅၀၀ မှ ကျပ် ၆၀၀၀ အထိ ဈေးရလျက်ရှိကြောင်း အောင်ပန်းကုန်စည်ဒိုင်သို့ ဆောင်းကြက်သွန်ဖြူ သွားရောက် ရောင်းချခဲ့သည့် ဘုရားဖြူကျေးရွာမှ ကြက်သွန်ဖြူစိုက် တောင်သူတစ်ဦးထံမှ သိရသည်။ ဆောင်းကြက်သွန်ဖြူကို နောင်တရားမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများ၌  လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ကြက်သွန်ဖြူစိုက်ဧကပေါင်း (၁၆၄၂) ဧက စိုက်ပျိုးကြောင်း သိရသည်။


ခွန်အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)