ဖျာပုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြကွင်းဆင်းစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖျာပုံမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြကွင်းဆင်းစစ်ဆေးဆောင်ရွက်


MNP  -   ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်း ရုံးအဆောက်အဦးများအား မီးသတိမူရေး မီးဘေးကြိုတင်ကာကွယ်တားဆီး ရေးနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံစွာထားရှိခြင်းရှိ/မရှိ၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး သရုပ်ပြကွင်းဆင်း ​ဆောင်ရွက်ခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (အော်တိုအိပ်ချိန်း) ရုံးများသို့ ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံခရိုင် မီးသတ်ဦးစီးဌာန ​မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်နိုင်ဝင်း၊ ဒုတိယဦးစီးမှူး ဦးအောင်မိုးဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရုံးအဆောက်အဦးများအား မီးသတိမူရေး မီးဘေးကြိုတင်ကာကွယ်တားဆီရေးနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ ပြည့်စုံစွာ ထားရှိ ခြင်းရှိ/မရှိ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြကွင်းဆင်း​စစ်​ဆေးဆောင်ရွက်ကြရာ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံး၊ ခရိုင်ဦးစီးမှူး ဒေါ်ဆင့်ဆင့်ထွန်းနှင့် ဝန်ထမ်းများ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (အော်တိုအိပ်ချိန်း) တာဝန်ခံ အင်ဂျင်နီယာ ဦးဗညားဝင်းနှင့် ဝန်ထမ်းများအား မီးလောင်ကျွမ်းမှုကို အောက်စီဂျင်ဖြတ်တောက်ငြှိမ်းသတ်ခြင်းနှင့် မီးသတ်ဆေးဘူးကို အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းတို့ကို ဝန်ထမ်း တစ်ဦးခြင်းအလိုက် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းများ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်ဝင်းနိုင်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)