မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး ကော်မတီ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး ကော်မတီ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက်


MNP  -   ဖေဖော်ဝါရီ ၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး အစည်းအဝေး(၄/၂၀၂၃)ကို ယမန်နေ့နံနက်(၈) နာရီအချိန်က တိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုး ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသော အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းများကိုလည်း လိုအပ်သောနည်းပညာအကူအညီများ ဝိုင်ဝန်းပံ့ပိုးပြီး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်လာသည်အထိ ကူညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်လင်းဆွေးနွေးခဲ့ပြီး မှတ်ပုံတင်ရန် အသစ်လျှောက်ထားလာသော လုပ်ငန်းများ၏ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။


ထို့နောက် အစည်းအဝေးကို တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းအဖွဲ့ဝင်များမှ လျှောက်ထားလာသော လုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုခြင်း/မပြုခြင်းများနှင့်ပတ်သက်၍ အတည်ပြုဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး အစည်းအဝေးတွင် မှတ်ပုံတင်ခွင့်လျှောက်ထားလာသော လုပ်ငန်းရှင်(၅၁)ဦး၏ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများအား မှတ်ပုံတင်ခွင့်ပြုနိုင်ရေး စိစစ်ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။


ကိုစည်သူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)