ရမ်းဗြဲမြို့နယ် တိန်ပြင်စံပြကျေးရွာ၌ တိပိဋက ကမ္ဗည်းမော်ကွန်းတိုက်၊ တိပိဋကရုပ်ထုတော်ဖွင့်ပွဲနှင့် တိပိဋက ဆရာတော်ကြီးများအားပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ် တိန်ပြင်စံပြကျေးရွာ၌ တိပိဋက ကမ္ဗည်းမော်ကွန်းတိုက်၊ တိပိဋကရုပ်ထုတော်ဖွင့်ပွဲနှင့် တိပိဋက ဆရာတော်ကြီးများအားပူဇော်ပွဲကျင်းပ








MNP   -   ဖေဖေါ်ဝါရီ      ၂၂

ရခိုင်ပြည်နယ်၊  ရမ်းဗြဲမြို့နယ်၊  တိန်ပြင်စံပြကျေးရွာ၌      အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးသန်းနိုင်  ဇနီးအဂ္ဂမဟာသီရိသုဓမ္မသင်္ဂီ ဒေါ်ကြည်ကြည်ဆွေ(နိဗ္ဗာန်ကုန်နှင့်သင်္ကန်းတိုက်)မိသားစုတို့မှ လှူဒါန်းတည်ထားကိုးကွယ်လျက်ရှိသောဗဟုဇနဟိတကာရီစေတီတော်မြတ်ကြီး၏ပရဝုဏ်အတွင်း၌ တည်ထားကိုးမည့် တိပိဋက ကမ္ဗည်းမော်ကွန်းတိုက်တိပိဋကဆရာတော်ကြီးများ၏ရုပ်ထုဖွင့်ပွဲနှင့် တိပိဋကဆရာတော်ကြီးများအားပူဇော်ပွဲအခမ်းအနားကိုယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပကြသည်။


အဆိုပါအခမ်းအနားသို့ တိပိဋကဆရတော်ကြီး(၈)ပါးနှင့်အတူ ရမ်းဗြဲမြို့နယ်သံဃနာယက ဥက္ကဌဆရာတော်ကြီးနှင့် ဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတိန်ပြင်စံပြကျေးရွာမှကျေးရွာသူ/ကျေးရွာသားများအနီးပတ်ဝန်းကျင်ကျေးရွာများမှပြည်သူများတက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် တိပိဋကဆရာတော်ကြီးများအားကြွရောက်တော်မူလာစဉ်ပရိတ်သတ်များကကြိုဆိုကာ ဗဟုဇနဟိတကာရီစေတီတော်မြတ်ကြီးအားလင်္ကျာရစ်ပတ်လှည့်လည်ပူဇော်ကြပြီးနောက်တိပိဋက ကမ္ဗည်းမော်ကွန်းတိုက်နှင့်တိပိဋကရုပ်ထုတော်များကို တိပိဋကဓမ္မဘဏ္ဍာကာရိက(ရမ္မာဝတီ)ဆရတော်အရှင်ဣန္ဒပါလ၊ ပုသိမ်မြို့ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက်ပဓာန နာယကဆရာတော် အရှင်ခေမိန္ဒ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်သန်းနှင့်အလှူရှင်အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးသန်းနိုင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးကမ္ဗည်းမော်ကွန်းတိုက်ကျောက်စာအား တိပိဋကဆရာတော်ကြီးများက အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးကြပြီးနောက်အခမ်းအနားသို့ကြွရောက်လာကြသောဆရာတော်များနှင့်ပရိတ်များ

မှတိပိဋကရုပ်ထုတော်များအားလှည့်ကြည့်ရှုဖူးမျှော်ခဲ့ကြသည်။


ယင်းနောက် အခမ်းအနားကိုဆက်လက်ကျင်းပကြရာ ရှေ့ဦးစွာ ရခိုင်ရိုးရာမင်္ဂလာစည်တော်များတီးခတ်ပြီး ကြွရောက်တော်မူလာကြသောဆရာတော်ကြီးများနှင့် ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ကြသည်။ ဆက်လက်၍ ရမ္မာဝတီမြန်မာမှုတေးဂီတအဖွဲ့မှထူးမခြားနားသီချင်းဖြင့်သီဆိုပူဇော်ကြသည်၊ ၎င်းနောက် တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ဓမ္မဘဏ္ဍာဂါရိကရေစကြိုဆရာတော် ဘဒ္ဒန္တဝါယာမိန္ဒာဘိဝံသ ထံမှငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များကိုရွတ်ပွားကြသည်၊ ဆက်လက်၍ ဆရာတော်အရှင်ခေမိန္ဒထံမှ ဩဝါဒခံယူကြပြီးနောက် ရမ္မာမြန်မာ့မှုတေးဂီတအဖွဲ့မှ တိပိဋကဆရာတော်ကြီးများ၏ ဂုဏဝိသိဌပူဇာရတုများဖြင့်ပူဇော်ပေးကြပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးခင်မောင်သန်းမှ ရမ်းဗြဲမြို့နယ်၏ သာသနာရေးဆိုင်ရာများကိုလျှောက်ထားသည်။ 


၎င်းနောက်အလှူဒါယကာ အဂ္ဂမဟာမသီရိသုဓမ္မမဏိဇောတဓရ ဦးသန်းနိုင်မှ ပူဇော်ဂုဏ်ပြုပွဲကျင်းပရခြင်းနှင့်

ပတ်သက်၍ ရှင်းလင်းလျှောက်ထားသည်ပြီ အလှူရှင်ဘုရားဒါယကာကြီးဦးသန်းနိုင်မိသားစုဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များမှ တိပိဋကဆရာတော်ကြီးရှစ်ပါးနှင့် ပုသိမ်မြို့၊ပစ္ဆိမာရုံပရိယတ္တိစာသင်တိုက် ပဓာနနယကဆရာတော်အရှင်ခေမိန္ဒနှင့်ရမ်းဗြဲမြို့နယ်၊ သံဃနာယက ဥက္ကဌဆရာတော်ကြီးတို့အား ဂုဏ်ပြုဘွဲ့တံဆိပ်တော်များနှင့် အလှူဝတ္ထုများဆက်ကပ်လှူဒါန်းကြပြီးနောက်အလှူရှင် အဂ္ဂမဟာမသီရိသုဓမ္မမဏိဇောတဓရဦးသန်းနိုင်မိသားစုတို့မှ ပူဇော်ပွဲအတွက် လှူဒါန်းမှုများတို့အား ရေစက်သွန်းချပေးခဲ့ကြကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)