တောင်ကုတ်မြို့၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်






MNP  -   ဖေဖေါ်ဝါရီ ၂၃

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကြိုတင် ကာကွယ်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန မှဦးစီးအရာရှိနှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ စက်ရုံ ၊ အလုပ်ရုံများ ၊ စားသောက်ဆိုင် များ ၊ စက်သုံးဆီအရောင်းဆိုင်များ ၊ ဟိုတယ် ၊ မိုတယ်များ၊ ဌာနဆိုင်ရာများနှင့်လူနေအိမ်များသို့သွားရောက် ၍ စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က စက်သုံးဆီ အရောင်းဆိုင်များသို့သွားရောက်၍ အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဆွေလင်းမောင် နှင့်တပ်ဖွဲ့ဝင် များက စက်သုံးဆီဆိုင်အရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကင်းရေးအတွက် မီးသတိမူရေး ၊ မီးသတိပြုရေးနှင့်မီးငြိမ်းသတ်ရေး စသည်မျာကို အသိပညာပေးပြီး လက်တွေ့သရုပ်ပြသခြင်းများကို ဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)