ဘူးသီးတောင်မြို့၌ လက်ထောက်မူလတန်းပြခန့်ထားနိုင်ရေး ဆရာ/ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ လက်ထောက်မူလတန်းပြခန့်ထားနိုင်ရေး ဆရာ/ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ





MNP   -    ဖေဖော်ဝါရီ ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်တွင် လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများခန့်ထားနိုင်ရေးအတွက် မြို့နယ်အခြေပြု လုပ်ငန်းခွင်အကြိုရက်တို ဆရာအတတ်ပညာသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က အ.ထ.က (၁) မေယုရတနာခန်းမတွင် ကျင်းပခဲ့သည်။


သင်တန်းဆင်းပွဲတွင် မြို့နယ်ပညာ ရေးမှူးဒေါ်မြဝေက လုပ်ငန်းခွင်ဝင်ရောက်မည့်ဆရာ၊ဆရာမများအနေဖြင့်သင်ကြားခဲ့သည့်အပေါ်လက်တွေ့အသုံးချပြီး ဝန်ထမ်းကျင့်ဝတ်၊စည်းကမ်းများအပေါ်လိုက်နာဆောင်ရွက်ကြရန်၊ဆရာကျင့်ဝတ်နှင့်ကိုယ်ကျင့်သိက္ခာများ၊၂၀၂၁ရာစုကျွမ်းကျင်မှုနှင့်သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်း၊

အသင်းအဖွဲ့များမိဘရပ်ရွာများနှင့်ပူးပေါင်းဆောင်ရွက်တတ်ရန်အဖွင့်အမှာ စကားပြောကြားသည်။


အဆိုပါ သင်တန်းတွင် နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥဒေ၊ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းကမ်း၊ သင်ကြားရေးဆိုင်ရာမှတ်တမ်းများ၊ ၂၀၂၁ရာစုကျွမ်းကျင်မှုနှင့်သင်ကြားသင်ယူမှုဆိုင်ရာလုပ်ငန်း၊ခွင့်အမျိုးမျိုး၊ပင်စင်၊ပညာရေးမှုဝါဒများ၊ပညာရေးအညွှန်းကိန်းများ၊သင်ရိုးသစ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊မှုလတန်းသင်ရိုးသစ်မိတ်ဆက်သင်ကြားခြင်း၊ပညာရေးပြက္ခဒိန်ပါလုပ်ငန်းများဆောင်ရွက်ခြင်း၊မူလတန်းဆင့် ဆရာလမ်းညွှန်စာအုပ်များ၊အသင်းအဖွဲ့များမိဘရပ်ရွာများနှင့်ပူးပေါင်းဆောင်ရွက်တတ်ရန်စသည့် ဘာသာရပ်များကို TEO၊DTEOများ၊ထက်၊လယ်ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး(၉)ဦးတို့က သင်ကြားရေး လုပ်ငန်းခွင်ဝင်ရောက်မည့် လက်ထောက် (မူပြ) ဆရာ၊ ဆရာမ (၃၅) ဦး အား (၂-၂-၂၀၂၃)ရက်နေ့မှ(၆-၂-၂၀၂၃)ရက်နေ့အထိ(၅)ရက်ကြာသင်ကြားပို့ချခဲ့ကြောင်း သိရသည်။


လှကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)