မော်လမြိုင်ကျွန်းမြို့နယ်တွင် (၁၄)ကြိမ်မြောက်အောင်တစ်ရာ့ရှစ်ကွက်ဗုဒ္ဓစက် ငှက်ပျောစေတီအလှူပွဲနှင့် ထမနှဲထိုးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်တွင် (၁၄)ကြိမ်မြောက်အောင်တစ်ရာ့ရှစ်ကွက်ဗုဒ္ဓစက် ငှက်ပျောစေတီအလှူပွဲနှင့် ထမနှဲထိုးပြိုင်ပွဲ ကျင်းပ






MNP  -  ဖေဖော်ဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်တန့်ငူကျေးရွာ အုပ်စုကွမ်းခြံချောင်းကျေးရွာဘုန်းကြီး ကျောင်းဝန်းတွင် ဖေဖော်ဝါရီ ၃ရက် နံနက် ၁၀နာရီက (၁၄)ကြိမ်မြောက်အောင်တစ်ရာ့ရှစ်ကွက်ဗုဒ္ဓစက် ငှက်ပျောစေတီအလှူပွဲ 

နှင့်ထမနှဲထိုးပြိုင်ပွဲကျင်းပကြောင်း သိရသည်။ 


တပိုတွဲလ ထမနှဲဲပွဲ

 

ယင်းသို့ ပြုလုပ်ကျင်းပခြင်းနှင့်ပတ်သတ်၍ဆရာတော်က ထမနှဲထိုးပွဲပြုလုပ်ရခြင်းသည်ဘုန်းဘုန်းတို့အညာဒေသမှဆင်းသက်လာသောအလေ့အထ ဖြစ် ကြောင်း၊နှမ်းမနှဲသည်လူတို့အတွက် အစာလဲဆေး ဆေးလဲအစာဖြစ်သောကြောင့်ပြုလုပ်ရခြင်းဖြစ်ပါတယ်၊

အကြောင်းမှာ ရှေးယခင်က အပူပိုင်းအညာဒေသများတွင် အရေပြားရောဂါ သည်များအလွန်ပေါများကြသည်။

ထို့ကြောင့် မြန်မာဆေးဆရာကြီးများက ဓာတ်ကြီ(၄)ပါးကိုညှိနှိုင်းတွက်ချက်ကာ ဆီ၊ မြေပဲ၊ နှမ်း၊ ကောက်ညှင်း၊ ဂျင်း၊အုန်းသီးတို့ကို ရောနှော၍ကျိုချက်စားသုံးထားခြင်းအားဖြင့် ယခုတပိုတွဲလကျော်လွန်ပြီးနောက်လာမည့် တပေါင်းလ၊ တန်ခူးလများသည်နွေရာသီ၏အပူချိန်အပြင်းဆုံး(၂)လဖြစ်သည့်အတွက် ၎င်းအပူချိန်ကိုခံနိုင်ရန်ကြိုတင်၍ဆေးအဖြစ်ဖော်စပ်ပြီ စားသုံးကြခြင်းဖြစ်ကြောင်း၊ ခုနောက် ပိုင်းမှာအညာဒေသတွင် ရေပြားရောဂါသည်များနည်း၍မရှိလောက်ဖြစ်နေပါပြီ၊ထို့ကြောင့် တပိုတွဲလ ထမနှဲထိုးပွဲအဖြစ် တနိုင်ငံလုံးဆောင်ရွက်လာကြတာ

ဖြစ်ပါတယ်ဟု မိန့်ကြားသည်။


 

ငှက်ပျောစေတီအလှူပွဲ 


    ဆက်လက်၍ ဆရာတော်က ငှက်ပျောစေတီအလှူပွဲပြုလုပ်ရခြင်းနှင့်ပတ်သတ် ၍ မြတ်ဗုဒ္ဓဘုရားရှင်၏ အောင်တစ်ရာ့ရှစ်ကွက်ဗုဒ္ဓစက်ဖြစ်သော စက်လဏ္ခာ(၁၀၈) ပါးကိုအာရုဏ်ပြု၍ ငှက်ပျောပွဲ(၁၀၈)ပွဲကို စုပေါင်းကာ ငှက်ပျောသီးစေတီ(ပုံတူ) ပြုလုပ်ကာ မြတ်စွာဘုရားအားကပ်လှူပူဇော်ခြင်းအလှူဖြစ်ပါတယ်။ထိုမျှမက နံနက်အာရုဏ်တွင် မုန့်ဆီကြော်(၁၀၈)ပွဲ၊  ထမနှဲ(၁၀၈)ပွဲ၊ သစ်သီး(၉)မျိုး၊ ယို(၉)မျိုးဖြင့်ဆပ်ကပ်လှူပွဲကိုပြုလုပ်တာဖြစ်ပါတယ်ဟု ဆရာတော်အရှင်ပန္နဝ ကရှင်းလင်းမိန့်ကြားသည်။


 ထိုသို့ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင်

 (၁၄)ကြိမ်မြောက်သို့ရောက်ရှိခဲ့ပြီးဖြစ် ကြောင်း၊ ထမနှဲထိုးရသည်မှာ လူ(၃)ဦးမှ (၅)ဦးအထိညီညွတ်စွာပြုလုပ်ရခြင်းဖြစ်၍

 နှစ်စဥ်ထမနှဲဒယ်ပေါင်း (၆၀)မှ(၇၀)ခန့်ကိုအလှူရှင်များ၊ကျေးရွာရှိပြည်သူများကပြုလုပ်ဆောင်ရွက်ခဲ့ကြပါတယ်၊ ကျွန်တော်အနေဖြင့် ထမနှဲထိုးရသည်မှာတစ်ဒယ်လျှင်လူ(၅)ခန့်က ဆောင်ရွက်ရခြင်းဖြစ်၍ ထမနှဲထိုးရခြင်းသည်တစ်ဦးနှင့်တစ်ဦး ညီညွတ်မူ၊စည်းလုံးမူ၊ချစ်ခင်ရင်းနှီးမူ့၊နားလည်မူများအားတွေ့ရသောကြောင့်အခြားကျေးရွာများအားဖိတ်ကြားပြီး ထမနှဲထိုးပြိုင်ပွဲကို ဆုကြေးများဖြင့်စည်ကားသိုက်မြိုက်စွာ အခုလိုပြုလုပ်ရခြင်းဖြစ်ကြောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်ချမ်းမြ ကပြောသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)