ကန်ကြီးထောင့်မြို့နယ် ဒါးက ပညါပါရမီစာကြည့်တိုက် ရှင်သန်ခိုင်မာရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ် ဒါးက ပညါပါရမီစာကြည့်တိုက် ရှင်သန်ခိုင်မာရေး ကွင်းဆင်းစစ်ဆေး


MNP  -    ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ဒါးကတွင် ဖွင့်လှစ်ထားရှိသော ပညာပါရမီ ကိုယ့်အား ကိုယ်ကိုး စာကြည့်တိုက်အား  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက  ယမန်နေ့နံနက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့​သည်။


ဒါးက ပညာပါရမီ စာကြည့်တိုက်သည် ၂၀၁၂-၂၀၁၃ ဘဏ္ဏာနှစ်အတွင်း  နိုင်ငံတော်မတည်ငွေကျပ်(၁၀)သိန်းနှင့် ဒေသခံပြည်သူထည့်ဝင်လှူဒါန်းငွေတို့ဖြင့်  တစ်ထပ်အုတ်ညှပ်သွပ်မိုး အလျားပေ ၅၀× အနံ ပေ ၂၀ တို့ဖြင့် ဆောက်လုပ်ခဲ့ပြီး (၂၈-၁၂-၂၀၁၂)  ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။


သုတ ရသ စာအုပ်စာပေအုပ်ရေ(၁၆၀၀၀)ကျော်ရှိပြီး တပါတ်လျှင်(၅)ရက် ဖွင့်လှစ်လျှက် စာကြည့်တိုက် ကော်မတီဝင်များ၏ စီမံမှုဖြင့် စာကြည့်တိုက်မှူးတစ်ဦးထားရှိခဲ့ပြီး အဆိုပါစာကြည့်တိုက်မှူးမှ ရန်ကုန်မြို့တွင် ကျင်းပခဲ့သော စာကြည့်မှူးများညီလာခံသို့လည်း  ၂ ကြိမ်တိုင် တက်ရောက်ထားသူလည်းဖြစ်သည်။


၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လ ၁၈ ရက်နေ့တွင်  ဧရာဝတီတိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်းမှ တာဝန်ရှိသူများမှလည်း ကွင်းဆင်းကြည့်ရှုခဲ့​ပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းခဲ့ရာ   ယနေ့တွင်   မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများက  ဒါးက ပညာပါရမီစာကြည့်တိုက်အား လိုအပ်ချက်များ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ စာကြည့်တိုက်ရေရှည် တည်တံ့ခိုင်မြဲရေးအတွက်  ကွင်းဆင်းခဲ့ကြောင်း သိရသည်။


မဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)