MNP - ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင် စွန်တောင်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက စွန်တောင်းစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုကျင်းပရာ ဘုရားရှင်အမှုပြုသော သံဃာတော်အရှင်သူမြတ် (၂၀)ပါးအား စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် မိုင်းဖြတ်တပ်နယ်မှ မိသားစုဝင်များ၊ မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့်ဝန်ထမ်းများ၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များက ဆွမ်းဆန်များ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ကုသိုလ်ပြု လောင်းလှူခဲ့ကြသည်။
ယင်းနောက် ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအမ်းအနားကို ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မိုင်းဖြတ်မြို့၊ ဈေးတန်းကျောင်း တိုက် ပဓာနနာယကဆရာတော် မဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဓမ္မပါလထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များကို ချီးမြှင့်တော်မူခဲ့သည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များကို စစ်ဆင်ရေးကွပ်ကဲရေးမှူးနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မိုင်းဖြတ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနန္ဒောဘာသ အရှင်သူမြတ်ထံမှ အလှူရေစက်ချ အနုမောဒနာတရားကို နာယူပြီး လှူဒါန်း မှုအစုစုတို့အတွင် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အလှူတော်မင်္ဂလာအခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး
https://t.me/MyanmarNationalPost
No comments:
Post a Comment