MNP - ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စစ်ပင်ကြီးကျေးရွာအုပ်စု၊စစ်ပင်ကြီး ကျေးရွာ၊ ကြိမ်ငူကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စု၊ (လေပွေကုန်း၊ ရေလဲကြီး) ကျေးရွာ၊ တောင်ကလေးကျေးရွာအုပ်စု၊ မြောက်ပန်းကုန်းကျေးရွာနှင့် ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာတို့၌ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၃)လုံး၊အမိုးလန် နေအိမ်(၆)လုံးတို့ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှေ့၌ လက်ဝယ်သို့ ပေးအပ်ထောက်ပံ့ခဲ့ကြသည်။
ထိုသို့ လေဘေးသင့် စစ်ပင်ကြီးကျေးရွာအုပ်စု၊ (စစ်ပင်ကြီး၊ ကြိမ်ငူ) ကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စု၊ (လေပွေကုန်း၊ ရေလဲကြီး) ကျေးရွာ၊ တောင်ကလေးကျေးရွာအုပ်စု၊ မြောက်ပန်းကုန်းကျေးရွာနှင့် ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာတို့၌ (၁၇/၁၈.၂.၂၀၂၃) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃) လုံး၊ အမိုးလန်ပျက်စီးနေအိမ်(၆)လုံး၊ အိမ်ထောင်စု(၉)စုမှ လူဦးရေ(၃၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးပါ(၃)ပုံး၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ(၇၇၇၀၀)၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၈၀၀၀၀)၊ စုစုပေါင်းရန်ုပုံငွေ(၅၅၇၇၀၀)ကျပ်တို့ကို သာပေါင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မျိုးဇော်သိန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment