တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်စိမ်းအိတ်များ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်စိမ်းအိတ်များ ဆက်ကပ်လှူဒါန်း


MNP   -   ဖေဖော်ဝါရီ     ၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်/ သံဃာတော်များ ဆွမ်းကိစ္စအခက်အခဲမရှိ အဆင်ပြေချောမွေ့စေရေးအတွက် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်နှင့်ဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ မိသားစုများကိုယ်စား မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်/သံဃာတော်များအတွက် ဆွမ်းဆန်စိမ်းအိတ်(၈)အိတ်အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ တာမွေမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်အိတ်(၄၈)အိတ်နှင့် ဆန်ကြာဇံအိတ်(၁၆)အိတ်အား ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)