MNP - ဖေဖော်ဝါရီ ၂၁
ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယနေ့ နံနက် နာရီ ၉ အချိန် ကရသေ့တောင်မြို့၊အရှေ့မြောက်ရပ်ကွက် ဘုရားကြီးလမ်းရှိ နေအိမ်များမီးဘေးလုံခြုံရေးအတွက်မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီးအောင်မြတ်လင်းနှင့်တပ်ဖွဲ့ဝင်များ ကတစ်အိမ်တက်ဆင်း အကြံပြုစစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးအကြံအကြံပြုခြင်းနှင့်အသိပညာပေးရာတွင်မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ကြပ်ကြီးအောင်မြတ်လင်းက နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့်မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအားအသင့်ထားရှိရေး၊နေအိမ်များတွင်လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသောဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်၊စသည့်တို့ကို စစ်ဆေးအကြံပေးကြသည်။
ထို့အပြင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများကိုလည်း ပြောကြားခဲ့ကြကြောင်းသိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment