ရမ်းဗြဲမြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ





MNP  -   ဖေဖေါ်ဝါရီ  ၁၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌  ရမ္မာဝတီသဒ္ဓမ္မပါလပရိယတ္တိစာမေးပွဲဖြစ်မြောက်ရေးကော်မတီမှ   ကြီးမှူး၍မြို့တစ်ပတ်လှည့်လည်ပြီး ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို  ယနေ့ မွန်းလွဲ ၃ နာရီက  ကျင်းပကြသည်။


ထိုသို့ကျင်းပရာတွင် ရမ္မာဝတီသဒ္ဓမ္မပါလပရိယတိ္တစာမေးပွဲဖြစ်မြောက်ရေးကော်မတီဝင်များနှင့် မြို့မဂေါပကအဖွဲ့မှဦးဆောင်ပြီး ရမ္မာဝတီသဒ္ဓမ္မပါလ စာမေးပွဲသို့ကြွရောက်တော်မူကြသော ဆရာတော်ကြီးများ  စာချဆရာတော်များ၊    စာမေးပွဲကြီးကြပ်ဆရာတော်များနှင့်ရမ္မာဝတီသဒ္ဓမ္မပါလပရိယတ္တိစာမေးပွဲတွင်ဝင်ရောက်ဖြေဆိုခဲ့ကြသော စာဖြေသံဃာတော်များ သံဃာတော်အပါး (၁၅၀)နှင့် သာသနာ့နွယ်ဝင် သီလရှင်များတို့သည် မြို့တစ်ပတ်လှည့်လည်၍ ဆွမ်းဆန်စိမ်းအလှူခံလျှက်ရှိရာ  ရမ်းဗြဲမြို့ အောင်ဓမ္မဗိမာန်ဓမ္မာရုံမှ စတင်ပြီး  အမှတ်(၆)ရပ်ကွက်၊  အမှတ်(၁) ရပ်ကွက်၊  အမှတ်(၂)ရပ်ကွက်၊  အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်မှ အမှတ်(၅)ရပ်ကွက်များသို့ မြို့တစ်ပတ်လှည့်လည် အလှူခံကြသည်။


အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ရမ်းဗြဲမြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်နေ  ပြည်သူများမှလည်း သဒ္ဒါတရားထက်သန်စွာ ဝမ်းသာအားရ လောင်းလှူလျှက်ရှိကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)