ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် မိုးခရမ်းသီးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် မိုးခရမ်းသီးစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ


MNP   -   ဖေဖော်ဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်တွင် ဟင်းသီးဟင်းရွက်ပင်များဖြစ်သည့် ချဉ်ပေါင်၊ ကန်ဇွန်း၊ ငရုတ်သီး၊ ရုံးပတီ၊ ဘူးသီး၊ သခွားသီး ကျောက်ဖရုံသီးများစိုက်ပျိုးသည့်အပြင် မိုးခရမ်းသီးများလည်း စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။


“ကျွန်တော်တို့က ခရမ်းသီးမျိုးစေ့ကို ပလောက်မြို့မှဝယ်ယူ၍ ပျိုးထောင်စိုက်ပျိုးတာဖြစ်ပြီး မျိုးစေ့တစ်ထုတ်လျှင် ၈၀၀၀ ကျပ် အစားစားပေးဝယ်ရပါတယ်၊ တစ်ကျဉ်းနှင့်တစ်ကျဉ်း ၁ ပေ ကွာခြား၍စိုက်ပျိုးရပါတယ်၊ ခရမ်းသီးများအလုံးကြီးထွားမှုအားကောင်းစေရန်အတွက် သဘာဝမြေဇာဖြစ်သည့် ကြက်ချေး၊ နွားချေးများနှင့် ဇီဝမြေဩဇာများကိုအသုံးပြု၍ အတန်းလိုက်စိုက်ပျိုးရပါတယ်၊ မျိုးစေ့ပင်များစိုက်ပျိုးပြီးရင် ရေကိုတော့နေ့တိုင်းလောင်းပေးရပါတယ်၊ ရေတွင်းထဲမှရေကို စက်ဖြင့်မောင်းပြီး စိုက်ခင်းထဲရေပိုက်ဖြင့် ရေ လောင်းရပါတယ်၊ ခရမ်းသီးစိုက်ပျိုးထားတာကတော့ မျိုးစေ့တစ်အိတ်(၈၀၀၀၀)တန်ကို ဝယ်ယူစိုက်ပျိုးထားပါတယ်၊ ခရမ်းသီးရောင်းတာကတော့ ပိဿာချိန်ဖြင့် တစ်ပိဿာကို ၂၀၀၀ ကျပ်နှင့်ရောင်းရပါတယ်၊ ခရမ်းသီးကြိုက်သူများကတော့ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူလျက်ရှိပါတယ်၊ ပလောက်မြို့ဈေးမှာလည်း လက်လီ၊ လက်ကား သွားရောက်ရောင်းပါတယ်၊ ခရမ်းသီးကိုတစ်ပတ်လျှင် တစ်ကြိမ်ခူးဆွတ်ပြီးရောင်းလိုက်ရင် ရောင်းရငွေ(၃၀၀၀၀) ကျပ်ကနေ (၅၀၀၀၀) ကျပ်အထိရသည့်အတွက် မိသားစုစားဝတ်နေရေး လေးတော့ အဆင်ပြေပတယ် ”ဟု အမှတ်(၁)ရပ်ကွက်နေ ခရမ်းသီးစိုက်ပျိုးရောင်းချသူ ဦးလှထွန်းကပြောကြားခဲ့ကြောင်း သိရသည်။


နှင်းမြူလွင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)