မိုင်းဆတ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဆတ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ


MNP    -   ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အနာဂတ်လူငယ်များ ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့ ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကြီးမားသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လ-၁​​ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ အထက်​တန်းကျောင်း(ခွဲ)လ-၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးရီ က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းဆတ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က  လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးနှင့်ဘက်စုံဖွံ့ဖြိုးရေး၊ စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး စသည်ဖြင့် လူငယ်စကားဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိုင်းဆတ်ခရိုင်၊ လက်​ထောက်ညွှန်ကြားရေးမှူးနှင့် အ-ထ-က(ခွဲ)လ-၁ မှ ဆရာမ ဒေါ်ယုယုနိုင် တို့က ဆောင်ရွက်ကာ အ-ထ-က(ခွဲ)လ-၁မှကျောင်းသား/ကျောင်းသူများ ဖြစ်ကြသည့် ကျောင်းသား မောင်ကိုကိုအောင်က လူငယ်နှင့်လူမူဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်သိန်းနန္ဒာအောင်က လူငယ်နှင့်ပရဟိတ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်စတီဗင်က လူငယ်နှင့်ဆေးလိပ်အန္တရာယ်အကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မမိုးမမထွန်းက လူငယ်နှင့်စာပေမြတ်နိုးစိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မနှင်းနုနုလှိုင်က လူငယ်နှင့်အချိန်၏တန်ဖိုး အပျိုလူပျို စသည့်ခေါင်းစဉ်များကို  အသီးသီးဦးဆောင်ဆွေးနွေးကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော အ-ထ-က(ခွဲ)လ-၁ မှ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ စကားဝိုင်းဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများက မေးခွန်းများကို  ပြန်လည်ဖြေကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ကျောင်းသူတို့အား တာဝန်ရှိသူတို့က အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြသည်။


ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်၊ စာစောင်များနှင့် မူးဆေးဝါးအန္တရာယ်၊ သက်ငယ်မုဒိန်း အသိပညာပေး နံရံကပ်စာစောင်များကိုပြသရာ အခမ်းအနား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


မြင့်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)