နိုင်ငံစီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံစီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP   -   ဖေဖော်ဝါရီ ၁၄

ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ၈ ဘီလီယံ အနက်မှ ၅ ဒဿမ ၈၉၄ ဘီလီယံကို ထုတ်ချေးပေးထားပြီး ကျန်ရှိသည့် ၂ ဒဿမ ၁၀၅ ဘီလံယံကို သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား ဆက်လက်ထုတ်ချေးပေးသွားနိုင်ရေး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့်ကော်မတီများမှ စိစစ်တင်ပြပေးစေလိုကြောင်း၊ ပြည်နယ်၏ စီးပွားရေး တောင့်တင်းခိုင်မာရေးသည် အဓိကကျပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် ပိုမိုစိုက်ပျိုးမွေးမြူထုတ်လုပ်ကြဖို့လိုကြောင်း၊ ပြည်ပမှ စားသုံးဆီ တင်သွင်းမှုကို လျော့ချပြီး ပြည်တွင်း၌ ဆီဖူလုံပိုလျှံသည်အထိ ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုး သွားရမည်ဖြစ်ကြောင်း၊ အသားငါးကဏ္ဍဖူလုံပိုလျှံရေး ပြည်နယ်အတွင်း တိုးချဲ့မွေးမြူကြစေလိုကာ ပြည်နယ်၏စီးပွားရေးကိုမြှင့်တင်ရန် စိုက်ပျိုးမွေးမြူရေးထွက်ကုန်ထုတ်လုပ်မှုအား တိုးမြှင့်ဆောင်ရွက်ကြဖို့လိုကြောင်း၊ ထုတ်ချေးပေးထားသည့်မတည် ချေးငွေနှင့် ပတ်သက်၍ အမြဲမပြတ် စောင့်ကြည့်လေ့လာအကဲဖြတ်ကြဖို့လိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က မြို့နယ်များအလိုက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထုတ်ချေးပေးထားမှု၊ ဆက်လက်ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပြန်လည်ကောက်ခံရမည့် အတိုးနှုန်းများ ကောက်ခံရရှိနိုင်ရေး တင်ပြ ဆွေးနွေးကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မိုးစပါး၊ ပဲတီစိမ်း၊ နှမ်း၊ မြေပဲ စိုက်ဧကများအတွက် ချေးငွေထုတ်ချေးပေးနိုင်ရေး၊ ငါးမွေးမြူရေးကန်များ ဖော်ထုတ်မွေးမြူနိုင်ရေး၊ သီးနှံအလိုက် ငွေထုတ်ချေးစိုက်ပျိုးပြီးဧရိယာနှင့် ရိတ်သိမ်းထွက်ရှိမှု အခြေအနေ၊ ဆက်လက်ထုတ်ချေးပေးနိုင်ရန် တောင်သူများ၏ အဆိုပြုတင်ပြချက်များနှင့် အတိုးနှုန်း ကောက်ခံနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ခရိုင်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာခရိုင်မြို့နယ်အလိုက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးကြသည်။


တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)