(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလားအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပရေးညှိနှိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလားအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပရေးညှိနှိုင်းဆွေးနွေးပွဲကျင်းပ



MNP  -  ဖေဖေါ်ဝါရီ ၃

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် စင်တော်ကောက်ဖလား အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပရေးညှိနှိုင်းဆွေးနွေးပွဲ ယနေ့န့နက် ၁၁ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) အစည်းအဝးခန်းမ၌ကျင်းပပြုလုပ်သည်။ 


ရှေးဦးစွာ စင်တော်ကောက်ကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာ ဦးသိန်းရွှေက အမှာစကားပြောကြားသည်။


ထို့နောက် ပြိုင်ပွဲကျင်းပရေးကော်မတီများက ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့်ပြိုင်ပွဲဝင် အသင်းခေါင်းဆောင်များက လိုအပ်သည်များကို ပြန်လည်ညှိနှိုင်းဆွေးခဲ့ကြသည်။


အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း (၂၄)သင်းဝင်ရောက်ယှဉ်မည်ဖြစ်ပြီး ပြိုင်ပွဲအား ဖေဖေါ်ဝါရီ ၅ ရက်နေ့မှ ၁၂ ရက်နေ့အထိ ညနေ ၅ နာရီမှ ည ၉း၃၀ နာရီအထိ နန်ချောင်းကျေးရွာ စင်တော်ကောက်ဆီဆိုင် အနီးတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၅ သိန်း ၊ တတိယဆု ၃ သိန်းကျပ်နှင့် အကောင်းဆုံးကစားသမားဆု ၄ ဆုအား တစ်ဆုလျှင် ၁ သိန်းကျပ်အဖြစ် ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)