မိုးညှင်းမြို့နယ် အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့နယ် အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် ၂၀၂၃ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးပြခန်း၌ ကျင်းပသည်။


အခမ်းအနားတွင် အင်းတော်ကြီး မြို့အုပ်ချုပ်ရေးမှူး ဦးစံရွှေမြင့်က အဖွင့်အမှာစကား ပြောကြားကာ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ရမ်ဆာကွန်ဗန်းရှင်းနှင့် မြန်မာနိုင်ငံရှိ ရမ်ဆာရေဝပ်ဒေသများအကြောင်းကို ရှင်းလင်းပြောကြားပြီး အင်းတော်ကြီး ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေး လုပ်ငန်းများအကြောင်းကို ရိုက်ကူးထားရှိသည့် ဗီဒီယိုမှတ်တမ်းမျာကို ဖွင့်လှစ်ပြသပေးခဲ့သည်။


ဆက်လက်၍ အင်းတော်ကြီး ရမ်ဆာရေဝပ်ဒေသအကြောင်းနှင့် FFI က ဆောင်ရွက်လျက်ရှိသော ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးလုပ်ငန်းများအကြောင်းကို Fauna and Flora International (FFI)မှ တာဝန်ခံမန်နေဂျာ ဦးဇော်မင်းဦးက ရှင်းလင်းပြောကြားပြီး ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် အင်းတော်ကြီး မြို့အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများက စုပေါင်မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)