ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မာရဝိဇယရုပ်ပွားတော်မြတ်ကြီး အဝင်မုခ်ဦးငယ်တစ်ခုနှင့် သုဓမ္မာဇရပ် တစ်ဆောင်တို့အတွက် အလှူငွေကျပ်သိန်း ၅၅၅ဝ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မာရဝိဇယရုပ်ပွားတော်မြတ်ကြီး အဝင်မုခ်ဦးငယ်တစ်ခုနှင့် သုဓမ္မာဇရပ် တစ်ဆောင်တို့အတွက် အလှူငွေကျပ်သိန်း ၅၅၅ဝ လှူဒါန်း




MNP ၊ ဖေဖော်ဝါရီ ၁၀

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက် ကြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က အဝင်မုခ်ဦးငယ်တစ်ခုနှင့် သုဓမ္မာဇရပ် တစ်ဆောင်တို့အတွက် အလှူငွေကျပ်သိန်း ၅၅၅ဝ နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (အငြိမ်းစား)မိသားစုက အလှူငွေကျပ်သိန်း ၇၀ တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)