နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)တွင် လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)တွင် လူငယ်စကားဝိုင်းကျင်းပ


MNP   -  ဖေဖော်ဝါရီ  ၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် “လူငယ်စကားဝိုင်း” ကို ယမန်နေ့နံနက်(၁၀) နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းဦး က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က “လူငယ်စကားဝိုင်း” ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး Moderator အဖြစ်ဆောင်ရွက်၍ အခြေခံပညာအထက်တန်း ကျောင်းများမှ  ကျောင်းသား/သူ (၆)ဦးဖြင့် ဆွေးနွေးခဲ့ရာ  Grade 11 ကျောင်းသူ မခင်ပြည့်စုံက“လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်​ ဆွေးနွေးပြီး Grade 11 ကျောင်းသား မောင်ဖြိုးမင်းဟန်က   “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲကြသည်။ ဆက်လက်၍ Grade 10 ကျောင်းသူ မနှင်းသီရိ က “လူငယ်နှင့်စာအုပ်စာပေ” ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊ Grade 10 ကျောင်းသား မောင်ခန့်သူအောင်က “လူငယ်နှင့် စူးစမ်းလေ့လာမှု” ခေါင်းစဉ်ဖြင့်ဆွေးနွေးခြင်း၊  Grade 11 ကျောင်းသား  မောင်ထွန်းထွန်းနိုင်မှ “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်ဆွေးနွေးပြီး Grade 10 ကျောင်းသူ မချိုချိုမြင့် က “လူငယ်နှင့်အကျင့်စာရိတ္တ” စတဲ့ ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ပြီး  တက်ရောက်လာကြတဲ့ ကျောင်းသား/သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ကျောင်းသား/သူများမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများနှင့် ကျောင်းသား/သူ (၁၅၀) ဦး တက်ရောက်ခဲ့သည်။


ဖြိုးဖြိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)