နောင်တရားမြို့၌ ပအိုဝ်းအမျိုးသားနေ့ စည်ကားစွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်တရားမြို့၌ ပအိုဝ်းအမျိုးသားနေ့ စည်ကားစွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်



MNP  -    ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ မတ်လ ၅ ရက်(တပေါင်းလပြည့်နေ့)တွင် ကျင်းပမည့် ပအိုဝ်းအမျိုးသားနေ့ကို စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီတစ်ဦးထံမှ သိရသည်။


“တပေါင်းလပြည့်နေ့မှာကျင်းပမဲ့ ပအိုဝ်းအမျိုးသားနေ့ကို စည်ကားစွာကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေ စပြီးလုပ်နေပါပြီး စတိပ်စင်တွေပြင်ဆင်မှုလုပ်တယ်၊ အမျိုးသားနေ့မှာ ထူးချွန်သံဃာတော်များကို ပူဇော်ကန်တော့ရန်အတွက် နားနေဆောင်တွေ ဆောက်လုပ်တယ်၊ ပွဲလာပရိတ်သတ်များအတွက် ကျန်းမာရေးကိစ္စများ အဆင်ပြေပြေ ဆောင်ရွက်နိုင်ရန် ရေလုံအိမ်သာတွေဆောက်တယ်၊ သောက်သုံးရေလုံလောက်စွာ အသုံးပြုနိုင်ရန်အတွက် ရေလှောင်ကန်တွေ ဆောက်တည်ဆောက်နေပါတယ်၊ ပွဲတော်နေ့မှာ အားကစားပွဲများအဖြစ် ဘောလုံးပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းနှင့် အခြားအားကစားများကို ထည့်သွင်းကျင်းပထားသည့်အတွက် ပွဲတော်နေ့မှာ ဘောလုံးအားကစားအဖြစ် အကြီးတန်းအသင်းဗိုလ်လုပွဲ၊ အုပ်စုအသင်းဗိုလ်လုပွဲကို ကျင်းပသွားပါမယ်၊ ရိုးရာအကပဒေသာများနှင့် ပဒေသာပင်လှည့်ရန်အတွက် သက်ဆိုင်ရာ ကျေးရွာအုပ်စုတွေကဆောင်ရွက်နေပါတယ် ပအိုဝ်းအမျိုးသားနေ့ကို ယခင်နှစ်များထက် လိုအပ်ချက်နည်းအောင်ကြိုတင်ဆောင်ရွက်နေပါတယ်ဟု” ပွဲဖြစ်မြောက်ရေးကော်မတီ တစ်ဦးကပြောသည်။


“ပအိုဝ်းအမျိုးသားနေ့ကို နှစ်စဉ်သွားဖြစ်ပါတယ် ပွဲတော်နေ့မှာ ထမင်းထုတ်တွေဝေတယ် နေ့လည့်စာကို ပွဲတော်ဖြစ်မြောက်ရေးကော်မတီတွေက စီစဉ်ပေးတာကျေးဇူးတင်ပါတယ် ပွဲတော်နေ့မှာလူများတော့ ကျန်းမာရေးအတွက်နေရာအဆင်မပြေခဲ့ဘူး ဒီနှစ်မှာကျန်းမာရေးအတွက် သန့်စင်ခန်းတွေ အများကြီးဆောက်ထားတာ တွေ့ရတော့ဝမ်းသာပါတယ် သန့်စင်ခန်းများတော့ ယခင်နှစ်တွေတုန်းကလို ကျန်းမာရေးအတွက် ပူစရာမလိုတော့ဘူး” ဟု နောင်ယဉ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။


တပေါင်းလပြည့်နေ့(မတ်လ ၅ ရက်နေ့)တွင် ကျင်းပမည့် ပအိုဝ်းအမျိုးသားနေ့အတွက် အသက် ၁၈ နှစ်အောက်ဘောလုံးပြိုင်ပွဲ၊ အလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် အုပ်စုအသင်းဘောလုံးပြိုင်ပွဲများကို ကျင်းပလျက်ရှိပြီး အဆိုပါပွဲစဉ်များ၏ ဗိုလ်လုပွဲများကို ပအိုဝ်းအမျိုးသားနေ့တွင် ကျင်းပမည်ဟု သိရသည်။ ပအိုဝ်းအမျိုးသားနေ့ကို စည်ကားစွာကျင်းပနိုင်ရန်အတွက် သက်ဆိုင်ရာ ကော်မတီများ၊ အသင်းအဖွဲ့များက ကြိုတင်ပြင်စင်မှုများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ခွန်အောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)