ကျောက်ဖြူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ





MNP  -   ဖေဖော်ဝါရီ     ၁၀

       ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မစည်ပင်သာယာဈေးကြီးသို့ သွားရောက်၍ ဖြန့်ဝေပေးခဲ့သည်။ 


          ထိုသို့ ဖြန့်ဝေရာတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့မစည်ပင်သာယာဈေးတွင် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေသူများနှင့် ဈေးသွား၊ ဈေးပြန်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၆)နှစ်မြောက် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့သည်။ 


အဆိုပါလက်ကမ်းစာစောင်တွင် စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့၊ (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၂-၂-၂၀၂၂ ရက်နေ့  (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားခဲ့ သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်၊ "စုဖွဲ့ပြည်ထောင်လှေတစ်စင်းရယ်နဲ့" ကဗျာ၊ ဗိုလ်ချုပ်အောင် ဆန်း၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားခဲ့ သော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ကာတွန်း၊ ညီညွတ်ခြင်းသည် စွမ်းအား၊ စည်းလုံးခြင်းသည် ခွန်အား၊ ပြည်ထောင်စု၏ နှလုံးသား စသည်ဖြင့်ဝေဝေဆာဆာဖော်ပြပါရှိကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)