မူဆယ်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့အကြို ပုဂ္ဂလိကမူကြိုကျောင်းပေါင်းစုံ ကာယ ညဏ စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ခြင်းနှင့်ဖျော်ဖြေပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့အကြို ပုဂ္ဂလိကမူကြိုကျောင်းပေါင်းစုံ ကာယ ညဏ စွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ခြင်းနှင့်ဖျော်ဖြေပွဲ အခမ်းအနားပြုလုပ်


MNP  -   ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော  မြန်မာနိုင်ငံကလေးများနေ့အကြို ပုဂ္ဂလိကမူကြိုကျောင်းပေါင်းစုံမှ ကာယ၊ ညဏ စွမ်းရည်ပြိုင်ပွဲများကိုယှဉ်ပြိုင်ခဲ့ကြပြီး မူဆယ်မြို့ ICTC ကိုယ်ပိုင်အထက်တန်းကျောင်းတွင်  ဆုချီးမြှင့်ပေးအပ်ခြင်းနှင့် ဖျော်ဖြေပွဲအခမ်းအနားကို ပြုလုပ်ခဲ့သည်။


အဆိုပါ အခမ်းအနားတွင် မူဆယ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်က မြန်မာနိုင်ငံကလေးများနေ့များကိုအကြိုအဖြစ် မြန်မာနိုင်ငံ လူမှုဝန်ထမ်းဦးစီး ဌာနက ကျင်းပနေခြင်းဖြစ်ကြောင်း၊ ယခုလိုအခမ်းအနားဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီပေးသောသူများကိုလည်း ကျေးဇူးတင်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် ဉာဏစွမ်းရည်တာ(တို)အပြေးပြိုင်ပွဲ၊ ကာယစွမ်းရည် အာလူးကောက်ပြိုင်ပွဲ၊ ရေဖြည့်ပြိုင်ပွဲ၊ အိတ်စွပ်ပြိုင်ပွဲ၊ အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ အင်္ဂလိပ်သီချင်းဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ စတုတ္ထ၊ ပဉ္စမနှင့်အထူးဆုတို့တွင် ဆုရရှိသော ပုဂ္ဂလိကမူကြိုကျောင်းမှ ကလေးသူငယ်များကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်စိန်၊ ICTC မူကြိုကျောင်းမှ ကျောင်းအုပ်ဆရာ/မကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများက ဆုချီးမြှင့်ခဲ့ပြီး ပုဂ္ဂလိကမူကြိုကျောင်းပေါင်းစုံမှ ကျောင်းတာဝန်ခံ ကျောင်းအုပ်ဆရာမများ၊ ကျောင်းသား/သူများက အကများဖြင့်လည်း ဖျော်ဖြေခဲ့ကြသည်။


ယင်းအခမ်းအနားကို  မူဆယ်ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများ၊ ကျောင်းသား/သူမိဘများ၊ ကျောင်းအုပ်ဆရာ/မများနှင့် သက်ဆိုင်ရာ တာဝန်ရှိ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)