နတ်မောက်မြို့နယ်တွင် လက်ထောက်မူလတန်း ပြခန့်ထားနိုင်ရေး ရက်တိုသင်တန်းဆင်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် လက်ထောက်မူလတန်း ပြခန့်ထားနိုင်ရေး ရက်တိုသင်တန်းဆင်းပွဲပြုလုပ်



MNP  -    ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လက်ထောက်မူလတန်းပြဆရာ/ ဆရာမများခန့်ထားနိုင်ရေး ရက်တိုသင်တန်းဆင်းပွဲကို ယမန်နေ့လယ် ၂ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်က ဆရာ/မများအနေဖြင့် မိမိတာဝန်ကျကျောင်းများတွင် ဆရာကျင့်ဝတ်နှင့်အညီ နေထိုင်ကြရန်၊ နိုင်ငံ့ဝန်ထမ်းဥပ ဒေ/နည်းဥပဒေများကိုလိုက်နာမှုရှိကြရန် ရှင်းလင်းပြောကြားခဲ့ပြီး လက်ထောက်မူလတန်းပြဆရာ/မများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ် လက်ထောက်မူလတန်းပြခန့်ထားနိုင်ရေး ရက်တိုသင်တန်းဆင်း ဆရာ/မများအား နတ်မောက်မြို့နယ်အတွင်းရှိ ဆရာလုံလောက်မှုမရှိသည့် ကျောင်းများတွင် ခန့်ထားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။


 လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)