MNP - ဖေဖော်ဝါရီ ၅
ဘင်ဖီကာအသင်း ဥက္ကဌ ရူရီကော်စတာက ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့သွားတဲ့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ပတ်သက်ပြီး “အန်ဇို ဖာနန်ဒက်ဇ်က ဘင်ဖီကာမှာ ဆက်မနေချင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဆက်ထိန်းထားနိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် သူ လက်မခံခဲ့ပါဘူး၊လာမယ့်နွေရာသီအပြောင်းရွှေ့မှာ သူကို ရောင်းထုတ်ဖို့ စဉ်းစားထားပေမဲ့ အပြောင်းအရွေ့နောက်ဆုံးနေ့မှာ သူက ဘင်ဖီကာအတွက်ဆက်မကစားနိုင်တော့ဘူးလို့ ကျွန်တော်ပြောခဲ့ပါတယ်။အသင်းဂျာစီ ဆက်မဝတ်ချင်တော့တဲ့ ကစားသမားတစ်ယောက်အတွက် ဝမ်းနည်းနေမှာ မဟုတ်ပါဘူး ”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရူရီကော်စတာက အဆိုပါ အသက်၂၁ အရွယ် အာဂျင်တီနားသားနဲ့ ပတ်သက်ပြီး "ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ ကြိုးစားလာခြင်းက သူ့စိတ်ကို ပြောင်းလဲဖို့ မဖြစ်နိုင်ခဲ့တာ" လို့ ပြောကြားခဲ့ပါတာ ဖြစ်ပါတယ်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment