ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြားသားကျေးရွာ၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာအသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြားသားကျေးရွာ၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာအသိပညာပေးဟောပြော




MNP   -   ဖေဖော်ဝါရီ  ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပြားသားကျေးရွာ၌    ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါကျေးရွာတွင် ပြုလုပ်သည်။  


အသိပညာပေးဟောပြောရာတွင် မောင်တောခရိုင်လူမှုဝန်ထမ်းရုံးမှ ဌာနစိတ်မှူး ဦးစံဌေးမောင်က ကလေးသူငယ်  အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ၊ ကလေးသူငယ်များ၏ ရပိုင်ခွင့်များ ၊ ကလေးသူငယ်မှုခင်းများ ၊ ကလေးကာကွယ် စောင့် ရှောက်ရေး နှင့် ကြိုတင်ကာကွယ် ရေး အတွက် ဆောင်ရွက် နေသည်အခြေအနေများစသည့်တို့ကို  အသိပညာပေး အ ကျယ် တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။ 


အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မောင်တောခရိုင်လူမှုဝန်ထမ်းရုံးမှ တာ ဝန် ရှိ သူများ ၊ကျေးရွာသူ ၊ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)