ပေါင်မြို့နယ်တွင် အသစ်ခန့် လ/ထ မူပြများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်ပွဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အသစ်ခန့် လ/ထ မူပြများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဖွင့်ပွဲ






MNP   -   ဖေဖော်ဝါရီ  ၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အသစ်ခန့် လ/ထ မူပြများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်း  ဖွင့်ပွဲကိုယနေ့  နံနက်ပိုင်းက အထက ပေါင်ရွှေရတုခန်းမ ၌ စတင်ဖွင့်လှစ်ခဲ့သည်။


ရှေးဦးစွာပေါင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်မျိုးလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ပေါင်မြို့နယ်ပညာရေးမှုးဒေါ်စန်းစန်းအေးက ယခုသင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျောင်းသား/သူများပညာသင်ကြားရာတွင် အခက်အခဲမရှိ အောင်မြင်စွာ ပညာကိုလေ့လာဆည်ပူးကြစေရန် ယခုသင်တန်းကို စတင်ဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း ၊ သင်တန်းဆင်းပြီးလျင်  လိုအပ်သောနေရာများတွင်ဖြည့်ဆည်းတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းပြောကြားသည်။


အဆိုပါသင်တန်းကို လ/ထ မူပြ ဆရာ၊ဆရာမ (၄၂) ဦးကိုသင်တန်းနည်းပြ (၈)ဦးတို့က ဖေဖော်ဝါရီ (၁၃)ရက်နေ့အထိ သင်တန်းကာလ (၆)ရက်ကြာဖွင့်လှစ်သင်ကြားပြသသွားမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)