ချောင်းကောက်တမံ တိုးချဲ့မြောင်းမကြီးနှင့် ရေလွဲဆည် လက်ဝဲမြောင်းမကြီးတို့ ပြုပြင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းကောက်တမံ တိုးချဲ့မြောင်းမကြီးနှင့် ရေလွဲဆည် လက်ဝဲမြောင်းမကြီးတို့ ပြုပြင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး



MNP  -   ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ချောင်းကောက်တမံ တိုးချဲ့မြောင်းမကြီးနှင့် ရေလွဲဆည် လက်ဝဲမြောင်းမကြီးတို့ ပြုပြင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ချောင်းကောက်တမံ တိုးချဲ့မြောင်းမကြီးအတွင်း သဲနှုန်းများ ပို့ကျမှုကြောင့် မြောင်းဘောင်နိမ့်ကျခြင်း၊ ကျိုးပြတ်ခြင်းများ ဖြစ်ပေါ်နေ၍ ရေစီးရေလာ ကောင်းစေရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အလျားပေ ၃၆၄၀၀၊  အမြင့် ၄ပေရှိ တိုးချဲ့မြောင်းမကြီး ပြုပြင်ခြင်းကို နိုဝင်ဘာလမှ စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ စိုက်ပျိုးဧက ၆၀၀ကို ရေစီးရေလာကောင်းမွန်စေပြီး စိုက်ပျိုးရေအား သတ်မှတ်ရေစီးနှုန်းအတိုင်း ထုတ်လွှတ် ပေးဝေနိုင်မည်ဖြစ်သည်။


၎င်းအပြင် ရေလွဲဆည် လက်ဝဲမြောင်းမကြီးအတွင်း သဲနှုန်းများ ပို့ကျမှုကြောင့် မြောင်းဘောင် နိမ့်ကျခြင်း၊ ကျိုးပြတ်ခြင်းများ ဖြစ်ပေါ်နေ၍ ရေစီးရေလာကောင်းစေရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် အလျားပေ ၂၈၂၆၀၊  အမြင့် ၄ပေရှိ ရေလွဲဆည် လက်ဝဲမြောင်းမကြီး ပြုပြင်ခြင်းကို နိုဝင်ဘာလမှ စတင်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။


အဆိုပါ ရေလွဲဆည် လက်ဝဲမြောင်းမကြီး ပြုပြင်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ စိုက်ပျိုးဧက ၂၇၀၀ကို  ရေစီးရေလာကောင်းမွန်စေပြီး စိုက်ပျိုးရေအား သတ်မှတ်ရေစီးနှုန်းအတိုင်း ထုတ်လွှတ်ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)