ရခိုင်ပြည်နယ် မောင်တောမြို့နယ် တပ်ဦး ချောင်း အုပ်စုအတွင်းရှိ ကျေးရွာများတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာအသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တပ်ဦး ချောင်း အုပ်စုအတွင်းရှိ ကျေးရွာများတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာအသိပညာပေးဟောပြော





MNP    -  ဖေဖော်ဝါရီ  ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တပ်ဦး ချောင်း အုပ်စုအတွင်းရှိ ကျေးရွာများတွင် ကလေး သူငယ် အခွင့်အရေး များဆိုင်ရာ အသိပညာ ပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က  ကံပြင်သာစည်ကျေးရွာ နှင့် ကံ သာယာ ကျေးရွာတို့တွင်  ပြုလုပ်ခဲ့ကြောင်းသိရသည်။  


အဆိုပါ အသိပညာပေးဟောပြောရာတွင် မောင်တောခရိုင်လူမှုဝန်ထမ်းရုံးမှ ဌာနစိတ်မှူး ဦးစံဌေးမောင်က ကလေးသူငယ်  အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ၊ ဉပဒေပါအချက်အလက်များ ၊ ကလေးသူငယ်များ၏ ရပိုင်ခွင့်များ ၊ ကလေးသူငယ် မှုခင်းများ ၊ ကလေးသူငယ်များအား ထောက်ပံ့ပေးနေသည့် အခြေအနေများ ၊ ကလေးကာကွယ် စောင့် ရှောက်ရေး နှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည် အခြေအနေများ စသည့်တို့ကို  အသိပညာပေး အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။ 


အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ မောင်တောခရိုင် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ ၊ကျေးရွာသူ ၊ကျေးရွာသားများ တက်ရောက် ခဲ့ကြ ကြောင်း သိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)