ပွင့်ဖြူမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံလျာထားဧက အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ကွင်းဆင်းအသိပညာပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံလျာထားဧက အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ကွင်းဆင်းအသိပညာပေး


MNP  -  ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ လာမည့်နွေသီးနှံစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းဖြင့် နွေစပါးသီးနှံလျာထားဧက အောင်မြင်စွာ စိုက်ပျိုးသွားနိုင်ရန်နှင့် ဒေသခံတောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေး တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ကျင်းပသည်။


တောင်သူပညာပေး ဆွေးနွေးပွဲတွင် ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် က နိုင်ငံတော်အစိုးရမှ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်၊  ဆန်စပါး စားနပ်ရိက္ခာဖူလုံစေရေး အရည်အသွေးကောင်းမွန်သော ဆန်စပါးများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးစိုက်ဧက တစ်သောင်းခွဲ အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်းနှင့်  ဒေသခံတောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးရေးနှင့် ပတ်သက်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက တင်ပြဆွေးနွေးပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က နွေစပါးသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းကောင်းမွန်ရေး လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးနည်းစနစ်များ၊ သွင်းအားစုပစ္စည်း သုံးစွဲနည်းစနစ်များနှင့် စိုက်ပျိုးရေ စနစ်တကျသုံးစွဲရေး ဆိုင်ရာကိစ္စရပ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။


ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လျာထားနွေစပါး စိုက်ဧကအောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အဆင်ပြေစွာဖြန့်ဝေပေးရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်ရေး တောင်သူပညာပေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရေး ကိစ္စရပ်များကို အကြံပြုဆွေးနွေးတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြချက်အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။  


အလားတူ အဆိုပါ တောင်သူပညာပေးတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ် တောင်အင်းကျေးရွာရှိ  ဒေသခံတောင်သူများအား တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးအချိန်မီ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေစနစ်တကျသုံးစွဲရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်ရေး အတွက် စိုက်နည်းစနစ်နှင့် သွင်းအားစုပစ္စည်း သုံးစွဲနည်းစနစ်များကို အသိပညာပေးဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြဆွေးနွေးချက်များ အပေါ်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက ၁၅၀၀၀ ဧက စိုက်ပျိုးထုတ်လုပ်ခြင်းကို ကျေးရွာအုပ်စု ၂၀ အုပ်စုမှ ဒေသခံတောင်သူဦးရေ ၅၂၇၃ ဦး၏ မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီး ဆည်ရေသောက် ဧရိယာရှိ စပါးစိုက်လယ်မြေ ကွင်းပေါင်း ၇၉ ကွင်းတွင် အကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။  


လှိုင်ဝင်းလေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)