ညောင်ဦးမြို့နယ် ဂျိုးကန်ကျေးရွာမီးဘေးသင့်ပြည်သူများအတွက် ပံ့ပိုးငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် ဂျိုးကန်ကျေးရွာမီးဘေးသင့်ပြည်သူများအတွက် ပံ့ပိုးငွေပေးအပ်




MNP  -   ဖေဖော်ဝါရီ  ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကန်နီပေါက်ကျေးရွာအုပ်စု၊ ဂျိုးကန်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများများအတွက် ညောင်ဦးမြို့နယ် ကျောက်ပြင်ကန် ရွာဦးကျောင်း ဆရာတော် ဥူကေတုမာလာ ဦးဆောင်သော ကျောက်ပြင်ကန်ကျေးရွာ အာယုဒီဃလူမှုရေးအဖွဲ့မှ ဂျိုးကန်ကျေးရွာ မီးဘေးသင့် အိမ်ထောင်စုများကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က လှူဒါန်းပံ့ပိုးငွေ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။


ညောင်ဦးမြို့နယ် ကန်နီပေါက်အုပ်စု ၊ဂျိုးကန်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၉ ရက်၊ နေ့လယ်ခင်း အချိန်က မီးလောင်မှုကြောင့် အိမ်ခြေ (၁၆)အိမ် မီးဘေးသင့်ခဲ့ပြီး၊ မီးဘေးကြောင့် အမျိုးသား/အမျိုးသမီး (၆၃)ဦး မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်ထားသည့် ဂျိုးကန်ကျေးရွာ၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းထဲရှိ မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စုများအတွက် ညောင်ဦးမြို့နယ် ကျောက်ပြင်ကန်ရွာဦးကျောင်းဆရာတော် ဥူကေတုမာလာမှ ကျပ်ငါးသိန်း မတည်လှူဒါန်းကာ ကျောက်ပြင်ကန်ကျေးရွာသူ/ကျေးရွာသားများက (၁၂၁၈၀၀၀) တစ်ဆယ်နှစ်သိန်းတစ်သောင်းရှစ်ထောင် ကျပ်စုပေါင်းလှူဒါန်းခဲ့ရာ မီးဘေးသင့် အိမ်ထောင်စု (၁၆)စုအတွက် တစ်ဆယ်ခုနှစ်သိန်းတစ်သောင်းရှစ် ထောင်ကျပ်လှူဒါန်းပေးခဲ့ကြောင်း ကျောက်ပြင်ကန်ကျေးရွာ ဦးထင်အောင်ထံက သိရသည်။


ဒီပါလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)