ဖောင်းပြင်မြို့နယ်၌ ပဲစိုက်တောင်သူများ ယခုနှစ်ဈေးကောင်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖောင်းပြင်မြို့နယ်၌ ပဲစိုက်တောင်သူများ ယခုနှစ်ဈေးကောင်းရရှိ


MNP  -   ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်မှ တောင်သူများအနေဖြင့် ယခုနှစ်ဆောင်းသီးနှံများ ရိတ်သိမ်းရချိန်တွင် ပဲအမျိုးမျိုးမှာ ယခင်နှစ်များထက် ဈေးပိုရသဖြင့် ပဲစိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။


“ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် မြေထောက်ပဲတစ်တင်းကို သုံးသောင်းကျပ်မှ လေးသောင်းကျပ် ဝန်းကျင်သာ အများဆုံး ရရှိခဲ့တာပါ။ ဒီနှစ်မှာတော့ ရှစ်သောင်းအထိဈေးရပါတယ်။ အခြားပဲ တွေလည်း အရင်နှစ်ဈေးနှုန်းထက် ဈေးပိုရနေပါတယ်”ဟု ပိုးစာကုန်းကျေးရွာက တောင်သူ ဦးမြင့်သိန်းက ပြောသည်။


ဖေဖော်ဝါရီ ဒုတိယသီတင်းပတ် ပဲဈေးအရ မြေထောက်ပဲတစ်တင်းလျှင် ကျပ် ၇၈၀၀၀မှ ၈၀၀၀၀ ကျပ် ဈေးနှုန်းဖြင့်လည်းကောင်း၊ ပုဂံပဲတစ်တင်းလျှင် ကျပ် ၇၅၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း၊ ပဲယင်း တစ်တင်းလျှင် ကျပ် ၃၅၀၀၀ ဈေးနှုန်းဖြင့်လည်းကောင်း၊ ပဲစာဥ တစ်တင်းလျှင် ကျပ် ၇၈၀၀၀ ဈေးနှုန်းဖြင့်လည်းကောင်း၊ မြေထောက်ပဲအဖြူ တစ်တင်းလျှင်ကျပ် ၇၅၀၀၀ ဈေးနှုန်းဖြင့် လည်းကောင်း၊ မြေပဲတောင့်တစ်တင်းလျှင် ကျပ် ၂၅၀၀၀ ဈေးနှုန်းဖြင့်လည်းကောင်း ဝယ်ယူလျက်ရှိကြောင်း ပဲပွဲစားများထံမှ သိရသည်။


ဖောင်းပြင်မြို့နယ်မှ တောင်သူများသည် ယခုနှစ်တွင် ပဲအမျိုးမျိုးအနက် မြေပဲ၊ မြေထောက်ပဲ၊ မြေထောက်ပဲအဖြူ၊ ပဲယင်း၊ ပုဂံပဲ၊ ပဲစာဥတို့ကို အများဆုံးစိုက်ပျိုးကြပြီး ပဲဇီးကွက်၊ မတ်ပဲ၊ ပဲတီစိမ်းတို့ကို အနည်းငယ်စိုက်ပျိုးကြကြောင်း၊ အဆိုပါပဲများကို မန္တလေးမြို့နှင့် မုံရွာမြို့တို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။


ကိုထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)