မြောက်ဦးမြို့၌ အခြေခံပညာမူလတန်းအဆင့် ဆရာ၊ဆရာမ များအား လုပ်ငန်းခွင်အကြို ရက် တို သင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ အခြေခံပညာမူလတန်းအဆင့် ဆရာ၊ဆရာမ များအား လုပ်ငန်းခွင်အကြို ရက် တို သင်တန်းပို့ချ




MNP  -   ဖေဖော်ဝါရီ  ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဆရာ၊ ဆရာမ များအား လုပ်ငန်းခွင်အကြိုရက်တိုသင်တန်းကို အောင်တပ် ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံး ခန်းမ၌ ယနေ့ နံနက် ၈ နာရီအချိန်က သင်တန်း ပို့ချ သင် ကြားလျှက်ရှိကြောင်း  သိရသည်။


ထိုနောက် လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းတွင်  သင်တန်းနည်းပြဆရာဖြစ်သည့် မြို့နယ်ပညာရေးမှူး နှင့် ထက်အုပ်၊ လယ်အုပ် (၁၂) ဦးတို့က ဝန်ထမ်းကျင့်ဝတ် နှင့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဆရာကျင့်ဝတ် နှင့်ကိုယ်ကျင့် သိက္ခာ၊ ပညာရေးပြက္ခဒိန်ပါလုပ်ငန်းများဆောင်ရွက်ခြင်း ၊ သင်တန်းမူလတန်း သင်ရိုးသစ် မိတ်ဆက်ခြင်း၊ ပညာရည်စစ်ဆေးတိုင်းတာခြင်း၊ပင်စင်၊ ခွင့်အမျိုးအစားများအစရှိသည့် ဘာသာရပ်များကို သင်တန်းသား၊သင်တန်းသူ အခြေခံပညာ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၆၀) ကျော်ခန့်တို့အား ပြသပေးပြီး သင်တန်းကာလတွင် ဖေဖော်ဝါရီ (၂) ရက်နေ့ မှ (၆) ရက်နေ့အထိ (၅) ရက်ကြာ ပို့ချ သင်ကြား လျှက်ရှိကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)