လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဆုတောင်းပြည့်စေတီတော်တွင် မဟာသံဃိတဒါန ဆွမ်းဆန်စိမ်းလောင်းလှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဆုတောင်းပြည့်စေတီတော်တွင် မဟာသံဃိတဒါန ဆွမ်းဆန်စိမ်းလောင်းလှူ


MNP   -   ဖေဖော်ဝါရီ  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ သာသနာဝိပုလ ဓာတ်တော်ကျောင်းတိုက်၊ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးတွင် မဟာသံဃိတဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖောဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့သည်။


ထိုသို့ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ပင့်ကျောင်း (၁၉) ကျောင်းမှ ပင့်သံဃာ (၃၅၀)ပါးတို့အား တပ်နယ်နှင့် နယ်မြေခံတပ်ရင်းများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် အခြားလှူဘွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)