မက်မန်းမြို့၌ လူငယ်ရေးရာဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့၌ လူငယ်ရေးရာဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ



MNP  -   ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူငယ်များ ကာယဉာဏစွမ်းရည်များ မြင့်မားရေး၊ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးလိမ္မာ၍ အနာဂတ်နိုင်ငံတော်တည်ဆောက်ရာတွင် လူတော်၊ လူကောင်းများ ပေါ်ထွန်းလာရေးတို့အတွက် လူငယ်ရေးရာဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာချို (လက်ထောက် ညွှန်ကြားရေးမှူး)က လူငယ်ရေးရာခေါင်းစဉ်ဖြင့် ဟောပြောရာတွင် “ယနေ့လူငယ်များသည် ၂၁ ရာစုတွင် ကြီးပြင်လာကြသည့် “Z” မျိုးဆက်သစ်များဖြစ်ပါကြောင်း၊ မျိုးဆက်သစ်များ၏ အတွေးအမြင်၊ အယူအဆများနှင့် ယုံကြည်မှုများသည် ယခင်မျိုးဆက်များနှင့် မတူပါကြောင်း၊ “Z” မျိုးဆက်သစ်များအနေဖြင့် အတွေးအခေါ်များသည် စိတ်ဝင်စားဖွယ်ကောင်းပါကြောင်း၊ တီထွင်ဖန်တီးမှု၊ တွေးခေါ်မှုများသည် အမြဲ တမ်း ဆန်းသစ်နေပါကြောင်း၊ ဆိုရှယ်မီဒီများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပါကြောင်း၊ ဆိုရှယ်မီဒီယာများကို အသုံးပြု၍ ဘဝအောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ကောင်းမွန်သော ဖန်တီးမှုများကို အထပ်ထပ် လေ့လာကြံဆ၍ အနာဂတ်နိုင်ငံတော်အား ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရမည်ဖြစ်ပါကြောင်း” ဆွေး နွေး ဟောပြောခဲ့သည်။


ထို့နောက် လူငယ်များ စာပေဗဟုသုတများ လေ့လာဆည်းပူးနိုင်ရေးအတွက် သုတ/ရသစာအုပ်များကို ပြသခဲ့ရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ(၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ပန်းကျင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)