MNP - ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြို တင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနယ်လ်လှမြိုင်က မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့် အချက်များ၊ မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အရေးပေါ်ဆောင်ရွက်ရမည့် အချက်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိှမ်းသတ်နည်းများကို လက်တွေ့ သရုပ်ပြသခြင်းများ ဆောင်ရွက်၍ အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား လက်တွေ့ပြုလုပ်ဆောင်ရွက်ခြင်းများကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်
https://t.me/MyanmarNationalPost
No comments:
Post a Comment