ရသေ့တောင်မြို့နယ် ခနောင်းကြီးကျေးရွာ၌ မျိုးစေ့ထုတ် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ် ခနောင်းကြီးကျေးရွာ၌ မျိုးစေ့ထုတ် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိ





MNP   -   ဖေဖော်ဝါရီ ၁၄     

          ရခိုင်ပြည်နယ် စစ်တွေခရိုင်  ရသေ့တောင်မြို့နယ် ခနောင်းကြီးကျေးရွာရှိဒေသခံအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့်ကျေးရွာဖြစ်သည့်အတွက် ယခုနှစ်ဆောင်းရာသီ၌ ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့်တဖက်တလမ်းမှဝင်ငွေရရှိစေရေးအတွက်ရသေ့တောင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဆောင်းနေကြာမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ရေး  နည်းပညာများနှင့်မျိုးစေ့နှင့်သွင်းအားစုများကို ကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။


ရ သေ့တောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှကူညီပံ့ပိုးပေးသည့်နည်းပညာဖြင့်နေကြာမျိုးစေ့နှင့်သွားအားစုနည်းလမ်းများအတိုင်း ခနောင်းကြီးကျေးရွာရှိတောင်သူများကနေကြာမျိုးစေ့ထုတ်စိုက်ပျိုးခဲ့ကြရာအောင်မြင်ဖြစ်ထွန်းလျှက်ရှိပါကြောင်းတောင်သူ ဦးအောင်မျိုးထံမှ သိရှိရပါသည် ။ 

  

ရေအလုံလောက်ရရှိမည်ဆိုပါက နေကြာသီးနှံ အပါအဝင် တခြားစျေးကွက်ဝင် သီးနှံများကိုဆက်လက်စိုက်ပျိုးသွားမည်ဟုတောင်သူများ၏ပြောကြားချက်အရသိရှိသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)