ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ


MNP   -   ဖေဖော်ဝါရီ ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားအရှေ့ဖျား ဖက်ဒရယ်တက္ကသိုလ်က ကြီးမှူးကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် Virtual စနစ်ဖြင့်ကျင်းပသည်။


အခမ်းအနားတွင် ရုရှားအရှေ့ဖျားဖက်ဒရယ် တက္ကသိုလ်ဒုတိယဥက္ကဋ္ဌ Dr Evgeny Vlasov ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Dr Nikolay Listopadov ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကိုတို့က မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု စိန်ရတုအထိမ်းအမှတ်ဆိုင်ရာ အဖွင့်အမှာစကားများ ပြောကြားကြသည်။


အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ခိုင်မြဲရေးကိစ္စရပ်များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ နျူးကလီးယားနည်းပညာအား ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးမြှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အလားအလာများကို ဆွေးနွေးပြောကြား ကြသည်။


စကားဝိုင်း‌ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်း၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းမှ ဦးမျိုးမြင့်အပါအဝင်နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကို ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)