ဂွမြို့နယ်တွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လာရောက်၍ အခမဲ့ ဆေးကုသပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လာရောက်၍ အခမဲ့ ဆေးကုသပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




MNP  -   ဖေဖော်ဝါရီ ၂၄

ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်) တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ လာရောက်၍  အခမဲ့ ဆေးကုသပေးနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ဂွမြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ပါဝင်သည့် အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင်  ဂွမြို့နယ်သို့ရောက်ရှိပါက ဖေဖော်ဝါရီလ၂၈ ရက်နေ့နှင့် မတ်လ ၁ရက်နေ့များတွင် သိမ်ကုန်းဘုရားဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တွင် (အခမဲ့) ဆေးကုသပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အဆင်ပြေစွာ ဆေးကုသဆောင်ရွက်ပေးနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းပေးထားကြောင်း၊ အဆိုပါကော်မတီများအလိုက် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရေး အတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ချပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ စနေနေ့တွင် ဆောင်ရွက်မည့် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်မည့် အစီအစဥ်အား လည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတွင် မ တည်ထောက်ပံ့ငွေဆိုင်ရာ ဆောင်ရွက်မည့် အစီအစဥ်များအားလည်းကောင်း   သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ  ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ၂၀၂၃-ခုနှစ်၊ ဖေဖော်ဝါရီ လ တွင် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ဂွ၊ သဗြုချိုင်၊ ကျောက်နီမော်၊ မာန်အောင်၊ စနဲ၊ မြေပုံ၊ စိုးမဲကျီအတိုင်း လာရောက် ဆောင်ရွက်မည်ဖြစ်ပြီး မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မီးယပ်၊ သားဖွားအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်ပါရဂူ၊ ကလေးအထူးကုဆရာဝန်၊ အရိုး/အကြောအထူးကုဆရာဝန်၊ သွားအထူးကုဆရာဝန်နှင့်အထွေထွေရောဂါ အထူးကုဆရာဝန်ကြီးများက ဂွမြို့နယ်အတွင်းရှိ ဆေးကုသလိုသည့် ပြည်သူများအား ရောဂါရှာဖွေ စမ်းသပ်ပေးပြီး လိုအပ်သည့်ဆေးဝါးများဖြင့် (အခမဲ့)ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)